သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်း သားတစ်ဦး ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ တာကြောင့် သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါ တယ်။
သေဆုံးသူမှာ လှည်းကူးမြို့နယ်၊လှည်းကူးမြို့မရဲစခန်းမှာ ၂၀၂၁ ခုနှစ်က ပုဒ်မ ၅၀(ဈ) နဲ့ ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရတဲ့ ဦးကျော်စိုး(ခ)ဦးဇော်နှစ် ဆိုသူဖြစ်ပြီး သာယာဝတီအကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် နှလုံးရောဂါ၊သွေးတိုးရောဂါ ဝေဒနာ နဲ့ ယခုနှစ် မေ လ ၅ ရက်နေ့တွင် သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်းက အကျဥ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မရရှိတာကြောင့် အကျဉ်း ကျခံနေရသူတွေအနေနဲ့ ရောဂါဖြစ်ပွားသည့် အခြေအနေများတွင် သေဆုံးသင့်သည့် အခြေနေမဟုတ် ပါဘဲ အသက်ပေးရသည်အထိဖြစ်ပွားနေပြီး ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် သေဆုံးခဲ့ရသူ ဇွန်လ (၁)ရက်နေ့အထိ ၁၀ ဦး အထိ ရှိခဲ့ပြီ ဖြစ်တယ်လို့လည်း PPNM ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဓာတ်ပုံ -PPNM