Homeပြည်တွင်းသတင်းဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တင်သွင်းခွင့်မရသည့်အတွက် လုပ်ငန်းများရပ်ဆိုင်း

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တင်သွင်းခွင့်မရသည့်အတွက် လုပ်ငန်းများရပ်ဆိုင်း

၂၀ ဖေဖော်ဝါရီ၊ ၂၀၂၅

စစ်ကောင်စီအနေနဲ့ ပြည်ပကနေ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို တင်သွင်းခွင့်မပြုတော့တဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်လို့ ဆောက်လုပ်ရေးလုပ်ရေးလုပ်ငန်းရှင်များရဲ့ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေသုံးစွဲမှုကိုလျှော့ချဖို့ ပြည်ပကနေသွင်းကုန်တင်သွင်းမှုကို ကန့်သတ်ခဲ့တာဖြစ်ပြီး ယင်းတွင် ဆောက်လုပ်ရေးသုံး ပစ္စည်းများလည်ပါဝင်ခဲ့သလို လက်ကျန်ဆောက်လုပ်ရေးသုံးပစ္စည်းတွေလည်း ဈေးထပ်မံမြင့်တက်နေပြီး ပစ္စည်းပြတ်လပ်တဲ့အတွက် လုပ်ငန်းအချို့ရပ်ဆိုင်းထားရတာဖြစ်တယလို့ ဆိုပါတယ်။

” ဆောက်လုပ်ရေးပစ္စည်းတွေက ဈေးတွေလည်း တက်တယ်။ ဝယ်လို့လည်းမရတော့ဘူး။ ထိန်းပြီး ရောင်းနေကြတယ်။ အခုဆိုရင် သံတစ်တန်ကို သိန်း (၃၀)ကျော်သွားပြီ။ တချို့ ဆောက်လုပ်ရေး လုပ်ငန်း အသေးလေးတွေ ရပ်ကုန်ကြပြီ။ ရောင်းတော့ရောင်းပေး တယ်။ ထိန်းပြီးရောင်းပေးနေတာပေါ့” လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ယခုလို ဆောက်လုပ်ရေးသုံးပစ္စည်းတွေ ပစ္စည်းပြတ်လပ်မှုကြောင့် လုပ်ငန်းအချို့ရပ်နားရတာဟာ ဆောက်လုပ်ရေးလုပ် ငန်းရှင်တွေအတွက်သာမက ပြည်တွင်းရှိ အလုပ်သမားတွေရဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေကို ကိုပါထိခိုက်စေတယ်လို့ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောဆိုထား ပါတယ်။

” ကိုယ်တွေလုပ်တဲ့ဆိုက်ဆိုရင် ပစ္စည်းမရလို့ ရပ်သွားတယ်။ အလုပ်မရှိတော့ဘူး။ တခြားဆိုက်တွေဆိုရင်လည်း တစ်ရက်လုပ်ပြီး နောက်ရက်တွေက နားထားရတယ်။ အဆင်မပြေဘူး။ ကျွန်တော်တို့အဓိကလုပ်တဲ့ဆိုက်က သုဝဏ္ဏလမ်းဆုံက ဗီလာကြီး။ အခုတော့ရပ်ထားတယ်”လို့ ပန်းရံအလုပ်သမားတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိ ပြည်တွင်းမှာ အလုပ်လက်မဲ့ဦးရေပိုများလာပြီး ပြည်ပထွက်ခွာမှု တွေရှိ နေတာလည်းဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read