Homeပြည်တွင်းသတင်းဆီးဂိမ်းဝင်ကမ္ဘောဒီးယားကစားသမားတွေ ပြိုင်ပွဲကနေ နှုတ်ထွက်

ဆီးဂိမ်းဝင်ကမ္ဘောဒီးယားကစားသမားတွေ ပြိုင်ပွဲကနေ နှုတ်ထွက်

၁၀ ဒီဇင်ဘာ ၂၀၂၅

တိုက်ပွဲတွေပြန်လည်မြင့်တက်လာတဲ့ ထိုင်း- ကမ္ဘောဒီးယားပဋိပက္ခကြောင့် ဆီးဂိမ်းဝင် ကမ္ဘောဒီးယားကစားသမားတွေကို နိုင်ငံအတွင်း အစောဆုံးပြန်ခေါ်မယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၁၀ရက်နေ့မှာ ကမ္ဘာဒီးယားအိုလံပစ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ထိုင်းနဲ့ ကမ္ဘာဒီးယားနှစ်နိုင်ငံအကြားမှာ နယ်စပ်ပဋိပက္ခကြောင့် တိုက်ပွဲပြန်လည်မြင့်တက်လာတာဟာ ၃ရက်ရှိလာပြီဖြစ်တာကြောင့် ဆီးဂိမ်းအားကစားပွဲကနေ နုတ်ထွက်မယ်လို့လည်း အသိပေး ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နှစ်နိုင်ငံစစ်ရေးအခြေအနေကြောင့် အခုလို ထုတ်ပြန်ရပေမယ့် ထိုင်းအိုလံပစ်ကော်မတီနဲ့ SEA Games ကော်မတီရဲ့ဧည့်ဝတ်ကျေပွန်မှုနဲ့ ပျူငှာမှုကို ကျေးဇူး တင်ကြောင်းနဲ့ ကစားသမားမိသားစုဝင်တွေရဲ့ စိုးရိမ်ချက်ကြောင့်လည်း အခုလို ပြန်ခေါ်ရတာလို့ ဆိုထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ လုံခြုံရေးစိုးရိမ်ချက်ကြောင့် ဆီးဂိမ်း (SEA Games) အားကစားပွဲမှာဝင်ရောက်ယှဉ်ပြိုင်တဲ့ကစားသမားအရေအတွက်ကိုလည်း လျှော့ချယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး