Homeပြည်တွင်းသတင်းဆီဆိုင်မြို့မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

ဆီဆိုင်မြို့မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

၁၃ ဇန်နဝါရီ၊၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဇန်နဝါရီလ ၁၁ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးနှစ်ဦး‌ သေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေးကြိမ်တိုင်တိုင် ဖြီကျွတ်ရွာကို လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် တောင်ယာကပြန်လာတဲ့ အမျိုးသမီးသုံးဦးကို ထိမှန်ခဲ့တယ်လို့ PNLA ရဲ့ ထုတ်ပြန် ချက်မှာ ပြောထားပါတယ်။

အဲဒီထဲက သားအမိနှစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း တိုက်ပွဲဖြစ်တာမရှိဘဲ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဌာနချုပ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

Photo- PNLO

ဆက်စပ် သတင်းများ

Most read