Homeပြည်တွင်းသတင်းဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုအတွင်းက ပြည်သူ ၆ဝဝဝ ကျော်ကို PNOပြည်သူ့စစ်တပ်ဖွဲ့ ရွာအတွင်းမှ မောင်းထုတ်နေ

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုအတွင်းက ပြည်သူ ၆ဝဝဝ ကျော်ကို PNOပြည်သူ့စစ်တပ်ဖွဲ့ ရွာအတွင်းမှ မောင်းထုတ်နေ

၉ ဇွန် ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း ဆီဆိုင်မြိုနယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စု ၂ ခုမှာနေထိုင်နေတဲ့ ဒေသခံ ၆၀၀၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်တပ်ဖွဲ့က မောင်းထုတ်နေတယ်လို့ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် PNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

ဆီဆိုင်မြို့နယ်အတွင်းမှာရှိတဲ့ နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာ နဲ့ တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော်၆ရွာ ၊ ကလားလမ်ရွာတွေရှိ ဒေသခံတွေအနေနဲ့ ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်သွားရမည်ဖြစ်ပြီး မထွက်သွားပါက တာဝန်မယူလို့ စစ် ကောင်စီ လက်အောက်ခံ PNOပြည်သူ့စစ်က ဇွန်လ ၇ ရက်နေ့က ကျေးရွာတွေကို စာပို့ထားတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ကျေးရွာတွေက ထွက်ခွါလာသူတွေအနေနဲ့ တောင်ယာ နဲ့ စစ်ဘေးရှောင်စခန်းကို သွားရောက် နေထိုင်ခြင်း မပြုဖို့နဲ့ ဆီဆိုင်မြို့ ဘုရားဖြူကျေးရွာ မွေတော်ဘုရားဝန်းကိုသာ သွားရောက်ရမယ်လို့လည်း PNO ပြည်သူ့စစ်က ဒေသခံတွေကို သတိပေးထားတယ်လို့လည်း ဆိုပါတယ်။

အထက်ဖော်ပြပါ စစ်ကောင်စီ နဲ့ PNO ပြည်သူ့စစ်က ကပြောဆိုထားသည့် ကျေးရွာတွေထဲမှ တစ်ချို့မှာ တော်လှန်ရေးနယ်မြေအတွင်းမှဖြစ်ပြီး တစ်ချို့မှာ စစ်ကောင်စီ နဲ့ PNO ပြည်သူ့စစ်က ထိန်းချုပ်ထားတဲ့ ကျေးရွာတွေဖြစ်ပြီး လက်ရှိမှာလည်း အဆိုပါကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – PNLA

ဆက်စပ် သတင်းများ

Most read