Homeပြည်တွင်းသတင်းဆိပ်ဖြူမြို့နယ်မှာ ကပစ - ၂၂အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အမြွှာကလေးနှစ်ဦးအပါအဝင် မိသားစုလေးဦးသေဆုံး

ဆိပ်ဖြူမြို့နယ်မှာ ကပစ – ၂၂အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အမြွှာကလေးနှစ်ဦးအပါအဝင် မိသားစုလေးဦးသေဆုံး

၂၇ ဇန်နဝါရီ၊ ၂၀၂၅

ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းက မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ-၂၂) အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ထိမှန်ပြီး အမြွှာကလေးငယ်နှစ်ဦးအပါအဝင် မိသားစုဝင် လေးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

ဇန်နဝါရီ ၂၆ ညနေ ၅ နာရီခွဲဝန်းကျင်မှာ ခန့်က ဆိပ်ဖြူအခြေစိုက် ကပစ – ၂၂ က စက်ရုံအရှေ့ဘက်ခြမ်းကကင်မွန်းတောင့်ကျေးရွာဘက်ကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ဒေသခံလူနေအိမ်ခြံဝင်းထဲကို ကျရောက်ပေါက်ကွဲပြီး ၁၀နှစ်အောက် အမြွှာကလေးငယ်နှစ်ဦးနဲ့ အဘွားဖြစ်သူ ဦးလေးဖြစ်သူတို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ဒေသခံအရပ်သားပြည်သူနှစ်ဦးလည်းဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက်က ဆိပ်ဖြူမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ငွေကြေးရိုက်ထုတ်သည့်စက်ရုံ ဝါဇီစက်ရုံကို မကွေးတိုင်း ပကဖ ဒရုန်းလက် ရုံးတပ်ဖြစ်သည့် သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦးအပါအဝင် တော်လှန် ရေးပူးပေါင်းတပ်တွေက Short Range Missile (၁၇)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက်မှာ မကွေးတိုင်းအတွင်းက စကစ တပ်ဖွဲ့ဝင်တွေက ရွာတွေကို စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပိုပြီး လုပ်ဆောင်လာတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – နွေဦးတော်လှန်ရေး မြိုင်

ဆက်စပ် သတင်းများ

Most read