Homeပြည်တွင်းသတင်းဆိပ်ဖြူမြို့နယ်တွင်း ဖက္ကနားကျေးရွာကို စစ်ကြောင်းထိုးပြီး လူနေအိမ်တွေ မီးရှို့ဖျက်ဆီး

ဆိပ်ဖြူမြို့နယ်တွင်း ဖက္ကနားကျေးရွာကို စစ်ကြောင်းထိုးပြီး လူနေအိမ်တွေ မီးရှို့ဖျက်ဆီး

၂၇ ဒီဇင်ဘာ၊ ၂၀၂၄

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဖက္ကနားကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားတဲ့အတွက် လူနေအိမ် ၃၇ လုံးအပါအဝင် ဆိုင်ကယ်များ၊ လှည်းများ ပျက်စီးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ်-၁၁ တပ်ရင်း PPC က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက် နေ့လည်တစ်နာရီဝန်းကျင်က မကွေးတိုင်း၊ ဆိပ်ဖြူအခြေစိုက် ကပစ ၂၂ က ထွက်လာတဲ့ အင်အား ၃၀ ဝန်းကျင်ပတဲ့ စစ်ကြောင်းက ဖက္ကနားကျေးရွာကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးတာ ဖြစ်ပါတယ်။

စစ်ကြောင်းထိုးကတည်းက ရွာကဒေသခံတွေထွက်ပြေးပုန်းရှောင်နေတာကြောင့် ထိခိုက်ဒဏ်ရာရသူ ၊ ဖမ်းဆီးခံရသူမရှိဘဲ လူနေအိမ်တွေသာ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ အိမ်တွေကို မီးရှို့ပြီးနောက်မှာ ကပစ ၂၂ ထဲကို ပြန်ဝင်သွားကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ – ပခုက္ကူခရိုင် အမှတ်-၁၁ တပ်ရင်း PPC

ဆက်စပ် သတင်းများ

Most read