စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖရဲ့ဘဏ္ဍာရေးတာဝန်ခံကိုတူး(ခ)ကိုလက်ယာ ဆိုသူဟာ ဒီကနေ့ ဇူလိုင် ၂၂ ရက် မနက် ၄ နာရီအချိန်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ ဆားလင်းကြီး ပကဖအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးဆီကနေ သိရပါတယ်။
သူဟာ ဆားလင်းကြီးမြို့နယ် ထန်းစင်ကျေးရွာက နေအိမ်တစ်အိမ်မှာ ခရီးတစ်ထောက်တည်းခိုနေတာဖြစ်ပြီး၊ အဲ့ဒီနေ အိမ်မှာ အိပ်နေစဉ်မှာ သေနတ်နဲ့ပစ်ခတ် လုပ်ကြံခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“ဆားလင်းကြီး ပကဖ တာဝန်ခံမဟုတ်ပါဘူး။ ဘဏ္ဍာရေးတာဝန်ခံကိုတူးပါ။ လုပ်ကြံခံရတာအကြောင်းတရားရှိမှာပါ” လို့ ဆိုပါတယ်။
ရုပ်အလောင်းကိုတော့ ဒီနေ့လယ်ပိုင်းမှာမီးသင်္ဂြိုဟ်ခဲ့ပြီး၊ အလောင်းအနီးမှာ မျက် မှန်တစ်လက်ကျကျန်ရစ်ခဲ့တာကို သဲလွန် စရထားရာကနေ လက်ရှိမှာ သံသယရှိသူ၂ ဦးကို မြို့နယ်တာဝန်ရှိသူတွေက ထိန်းသိမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။


