၁၃ ဒီဇင်ဘာ၊ ၂၀၂၄
၂၀၂၃ခုနှစ် ဇူလိုင်က ၂၀၂၄ခုနှစ် ဩဂုတ်အထိ ဆယ့်သုံးလအတွင်း အကြမ်းဖက်မှုတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း လူတစ်ထောင်နီးပါး သေဆုံးခဲ့တယ်လို့ Data For Myanmar က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်တဲ့ Data For Myanmar ရဲ့ အစီရင်ခံစာမှာ ဒီဆယ့်သုံးလအတွင်း စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်မှုကြောင့် သေဆုံးရတဲ့ လူ ၉၅၈ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၁၁၉ ဦး ရှိပါတယ်။
၂၀၂၄ ဩဂုတ်လအတွင်းမှာ စစ်ကိုင်းတိုင်းရဲ့ မြို့နယ် ၁၅ ခုမှာ အရပ်သားသေဆုံးမှု ၄၉ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၇၈ ဦး ရှိတယ်လို့ ဆိုပါတယ်။
ကလေး၊ မုံရွာ၊ စစ်ကိုင်းနဲ့ ရွှေဘိုခရိုင်တွေဟာ တခြားခရိုင်တွေထက် အရပ်သားသေဆုံးမှုများပြားပြီး ၃၄၉ ဦး ထိ ရှိနေပါတယ်။
အရပ်သားသေဆုံးမှုရဲ့ ၉၅ ရာခိုင်နှုန်းဟာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ ဒရုန်းနဲ့ မိုင်းတို့ကြောင့် ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဒီဆယ့်သုံးလတာအတွင်းမှာ စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့အရပ်သား ၁၄၀ဦး ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၂၃၆ဦး ထိ ရှိနေတယ်လို့ ဆိုပါတယ်။
အရပ်သားသေဆုံးမှုတွေထဲ အသက် ၁၈ နှစ်အထက် အမျိုးသားသေဆုံးမှု ၆၃ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးရမှုတွေကတော့ ဒရုန်း၊ မိုင်း၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ Data For Myanmar ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
Photo – Screengrab from Data For Myanmar