စောနယ်ဒါးမြအနေနဲ့ ကော်သူးလေနိုင် ငံတော်တည်ထောင်တဲ့အပေါ် လုံးဝပတ် သက်မှုမရှိဘူးလို့ ကရင်အမျိုးသားအ စည်းအရုံး (KNU)က ဒီကနေ့ ဇန်နဝါရီ ၈ရက်မှာ ကြေငြာချက်တစ်စောင်ထုတ်ပြန် လိုက်ပါတယ်။
စောနယ်ဒါးမြ ဦးဆောင်တဲ့ Kaw Thoo Lei Army (KTLA) အဖွဲ့က ဇန်နဝါရီလ ၅ရက်နေ့ ၌ကော်သူးလေအစိုးရ (Government of Kawthoolei)ကို ဖွဲ့စည်းပြီး ကော်သူးလေထူထောင်ကြောင်း နှင့်ကော်သူးလေလွတ်လပ်ရေးနေ့ကို ကြေ ညာခဲ့တဲ့အပေါ် အခုလို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။
KNUရဲ့ ထုတ်ပြန်ချက်မှာ စောနယ်ဒါးမြဟာ စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ စွပ် စွဲခံထားရတဲ့အပြင် ကရင်အမျိုးသားအစည်းအရုံး(KNU)က ချမှထားတဲ့ စည်းမျဉ်းစည်းကမ်းကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါ ရီလမှာ ၎င်းကို ကရင့်အမျိုးသားကာ ကွယ်ရေးအဖွဲ့အစည်း(KNDO)ရဲ့ စစ်ဦး စီးချုပ် ရာထူးကရပ်စဲပြီး KNU က ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒ့ါအပြင် ၎င်းဟာ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ Kawthoolei Army(KTLA)အမည်နဲ့ ခွဲထွက်အဖွဲ့တစ်ခုကိုလည်း ထူထောင်ကြောင်း ကြေညာခဲ့ရာမှာလည်း KNU အနေနဲ့ KTLA ရဲ့လုပ်ဆောင်ချက်နဲ့ပတ် သက်မှု မရှိဘူဆိုတာကိုလည်းထုတ်ပြန်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
စောနယ်ဒါးမြရဲ့ လုပ်ဆောင်ချက်ဟာ မိမိတို့ ကရင်အမျိုးသားတော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ထင်ဟပ်မှုမရှိသလို ပကတိအရှိတရားများနဲ့လည်း လျော်ညီမှုမရှိတဲ့အပြင် KNUရဲ့ မျှော်မှန်းတည်ဆောက်နေတဲ့တိုင်းပြည်တည် ဆောက်ရေးဆိုင်ရာစံတန်ဖိုးတွေ ၊ စံနှုန်းတွေလည်း ကိုက်ညီမှုမရှိတာကြောင့် ၎င်းတို့ရဲ့ လုပ်ရပ်ဟာ “ကော်သူးလေ”ဆိုတဲ့ အမည်နာမကို အလွဲသုံးစားလုပ်ပြီး ကရင့်တော်လှန်ရေးနဲ့ကရင်အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်ခြင်းသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
KNU အနေနဲ့ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးမူအတိုင်း ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာစေရန်အတွက် အခြားသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ဒီမိုကရေစီအင်အားစုများ၊ ပြည်သူလူထုနဲ့ အတူ လက်တွဲလုပ်ဆောင်မယ်လို့ ကြေညာခဲ့တဲ့ အတိုင်း ဆက်လက်ပြီး တက်ကြွစွာ တိုက်ပွဲဝင်သွားမည်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-KTLA


