Homeပြည်တွင်းသတင်းစောချစ်သူကို အရေးယူဖို့ ထိုင်းလွှတ်တော်အမျိုးသားလုံခြုံရေးကော်မတီဥက္ကဋ္ဌ ပြော

စောချစ်သူကို အရေးယူဖို့ ထိုင်းလွှတ်တော်အမျိုးသားလုံခြုံရေးကော်မတီဥက္ကဋ္ဌ ပြော

၁၇ ဖေဖော်ဝါရီ၊ ၂၀၂၅

ကရင်နယ်ခြားစောင့်တပ် (BGF)ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကို အရေးယူဖို့အတွက် ထိုင်းလွှတ်တော်အမျိုးသားလုံခြုံရေးကော်မတီဥက္ကဋ္ဌ ရန်စီမန်ရုမ်းက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တာ့ခ်ခရိုင် အမှတ် ၄ ခြေလျင်တပ်ရင်း အထူးတပ်ဖွဲ့နဲ့ ဆွေးနွေးပွဲမှာ သူက ခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ စောချစ်သူကို ထိထိရောက်ရောက် အရေးယူဖို့နဲ့ မြန်မာဘက်ကို လောင်စာဆီတွေ ဆိုလာတွေ ရောင်းချတာကိုလည်း ပိတ်ပင်ဖို့ သူကပြောခဲ့ပါတယ်။

BGF ထိန်းချုပ်ထားတဲ့ မြ၀တီနဲ့ ရွှေကုက္ကိုဒေသမှာ အွန်လိုင်းလောင်းကစားနဲ့ လူကုန်ကူးမှုတွေဖြစ်ပေါ်နေပြီး ဒါဟာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုဖြစ်သလို ထိုင်းရဲ့ လုံခြုံရေးနဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ထိုင်းနဲ့ တရုတ်ပူးပေါင်းပြီး မြဝတီဒေသက ရွှေကုက္ကိုမြို့ အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေနဲ့ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းရေး ကိစ္စတွေဆောင်ရွက်နေပေမယ့် ရေရှည်မှာ အမြစ်ပြန်တွယ်လာမှာဖြစ်တယ်လို့လည်း သူကပြောခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read