မန္တလေးမြို့မှာ စိတ်ကျန်းမာရေး မကောင်းတဲ့ သမီးဖြစ်သူ ရိုက်နက်တာကြောင့် မိခင်ဖြစ်သူ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့် ဒေသခံတွေ ထံက သိရပါတယ်။
မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စင်ရပ်ကွက်၊ ၇၂လမ်း၊ ၃၆ လမ်း နဲ့ ၃၇လမ်းကြားက နေအိမ်တအိမ်မှာ သြဂုတ်လ ၂၇ ရက်က စိတ်ဖောက်ပြန်နေတဲ့ သမီးကရိုက်နှက်လို့ အမေဖြစ်သူ ဘယ်ဘက်မျက်လုံးတဖက်ပြုတ်ထွက်ပြီး ဘယ်ဘက်ပေါင်ကျိုးသွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူကို ပျိုးနှုတ်ကောက်စိုက်လူ့အကြိုက် လူမှုကူညီရေးအသင်း(မင်္ဂလာမီးသတ်စခန်း)က မော်တော်ယာဥ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


