Homeပြည်တွင်းသတင်းစာရေးဆရာ/ကဗျာဆရာတဦးကိုပျူစောထီးခေါင်းဆောင်ထင်ပြီး မှား ယွင်းသတ်မိခဲ့တဲ့အပေါ် ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီး ဝန်ခံ

စာရေးဆရာ/ကဗျာဆရာတဦးကိုပျူစောထီးခေါင်းဆောင်ထင်ပြီး မှား ယွင်းသတ်မိခဲ့တဲ့အပေါ် ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီး ဝန်ခံ

၂၂ စက်တင်ဘာ ၂၀၂၅

အသက် ၆၅ နှစ်အရွယ် စာရေးဆရာ/ကဗျာဆရာ ဦးမြင့်ဆန်းဆိုသူကို ပျူစောထီးခေါင်းဆောင်ထင်ပြီး မှားယွင်းသတ်မိခဲ့တဲ့အပေါ် ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက စက်တင်ဘာ ၂၂ရက်မှာ သူ့ရဲ့ ဖေ့စ်ဘွတ်လူမှုကွန် ရက်ကနေ ဝန်ခံအသိပေးမျှဝေလာပါတယ်။

ဒီဖြစ်စဥ်အတွက် နောင်တချိန်တိုင်းပြည်အေးချမ်းတဲ့ကာလမှာ တရားစွဲဆိုမယ်ဆိုရင် သူ့အနေနဲ့ တာဝန်ယူပြီး ထိုက်သင့်တဲ့အပြစ်ပေးအရေးယူမှုခံယူနိုင်တယ်လို့ သူက ရေးသားအသိပေးထားပါတယ်။

“စစ်ကိုင်းနယ်မြေအတွင်း အင်အားဖြည့်ရှင်းလင်းရေးအကူဆောင်ရွက်ရင်း စာ ရေးဆရာ/ကဗျာဆရာကြီးတစ်ဦးအားမှားယွင်းစွာကျူးလွန်ခဲ့ပါတယ်။ (အ ကျယ်တဝံ့ရှင်းမပြတော့ပါဘူး။ နယ်မြေခံတွေအားလုံးသိထားတဲ့ဖြစ်စဉ်တစ်ခုမို့ပါ။ ကျနော်က ဓါးခုတ်ရာလက်လျှိုဖြစ်ခဲ့ရခြင်းပါ။ နယ်မြေခံရဲ့ဆုံးဖြတ်ချက်နှင့် ပါဝင်လုပ်ဆောင်ခဲ့သောဖြစ်စဉ်ပါ။ဘယ်သူဘယ်ဝါ ကျနော့်ညီတွေမသိခဲ့ပါဘူး)။ သေချာစီစစ်ပြီး နစ်နာခဲ့သောမိ သားစုဝင်များအား နယ်မြေတာဝန်ခံ/ရပ်မိရပ်ဘများနှင့်အတူ တောင်းပန်ခြင်း ဝမ်းနည်းစကားပြောကြားရင်း၊အားပေးနှစ်သိမ့်ရင်း”လို့ ရေးသားမျှဝေထားပါတယ်။

ဦးမြင့်ဆန်းဟာ စစ်ကော်မရှင်တပ်တွေရဲ့ ရန်ပြုမှာကို ရှောင်တိမ်းနေရင်း စစ်ကိုင်း တိုင်း၊ အရာတော်မြို့နယ် ၊ မလဲသာရွာကနေ တိမ်းရှောင်နေရာက‌နေ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှာ မြင်းမူမြို့နယ် ပဒက်ထိုင်းကျေးရွာအနီးမှာ ပျူစောထီခေါင်းဆောင်အမှတ်နဲ့ မှားယွင်းအသတ်ခံလိုက်ရတဲ့ ဖြစ်စဉ်တခုဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကိုလည်း Zero ပြောက်ကျား တပ်ဖွဲ့ (မြင်းခြံ)က ဦးမြင့်ဆန်းဟာ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ၊စစ်ကော် မရှင်တပ်ဖွဲ့တွေကို လမ်းပြခေါ်ဆောင်လာတဲ့သူတဲ့အတွက် ရှင်းလင်းသတ်ဖြတ်လိုက်တယ်လို့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၃ရက်က ထုတ်ပြန်ခဲ့ပါတယ်။ မှားယွင်းသတ်ဖြတ်တဲ့နေ့ဟာ ဖေဖော်ဝါရီ ၂ ရက်နေ့ဖြစ်ပါတယ်။

ပျူစောထီးခေါင်းဆောင်လို့ စွပ်စွဲသတ် ဖြတ်ခဲ့တဲ့အပေါ်မှာ ကျူးလွန်သူအဖွဲ့အ စည်းက ဖြေရှင်းချက်ပေးဖို့ စစ်ကိုင်း တိုင်းအတွင်းက တော်လှန်ရေးဘက်အဖွဲ့အစည်း ၁၆ ဖွဲ့က ၂၀၂၂၊ဖေဖော်ဝါရီ ၄ ရက်မှာ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

ZEROပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက “တောင်းပန်မှုအတွက်မိသားစုလည်းလိုက်လှဲစွာကြိုဆိုခဲ့ပါတယ်။ MOD ရဲ့အထက်တာဝန်ရှိသူကိုလည်းထိုဖြစ်စဉ်တင်ပြပေးခဲ့ပါတယ် (မှားရင် မှားတဲ့အကြောင်း ခုလိုလက် နက်ကိုင်အဖွဲ့အနေနဲ့တောင်းပန်မှုဟာသတ္တိတစ်ခုလိုကျနော်ယူဆပါတယ်)။ ကျန်ရစ်သူမိသားစုဟာ ခုချိန်မိတ်ဆွေရင်းပမာဆက်ဆံရေးရှိနေခဲ့ပါတယ်။ကျေးဇူးလည်းတင်ရှိရပါတယ်”လို့ ပြော ထားပါတယ်။

ဓါတ်ပုံ- ကိုသက်ကြီး ဖေ့စ်ဘွတ်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး