Homeပြည်တွင်းသတင်းစမွတ်ဆာခွန်ခရိုင်မှာ မြန်မာ Tik Tok ဆယ်လီတစ်ဦး ဖွင့်ထားတဲ့ အလှပြင်ဆိုင် ဖမ်းဆီးခံရ

စမွတ်ဆာခွန်ခရိုင်မှာ မြန်မာ Tik Tok ဆယ်လီတစ်ဦး ဖွင့်ထားတဲ့ အလှပြင်ဆိုင် ဖမ်းဆီးခံရ

၂၄ စက်တင်ဘာ၊၂၀၂၄

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်၊ အောင့်နွဲ့ကျေးရွာ၊ အမှတ် (၄) မှာ မြန်မာTik Tok ဆယ်လီ တစ်ဦးဖွင့်လှစ်ထားတဲ့ အလှပြင်ဆိုင်ကို ထိုင်းအာ ဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြဝတီ-မဲဆောက် မီဒီယာမှာ ဖော်ပြလာမှုအရ သိရပါတယ်။

စက်တင်ဘာလ ၂၃ ရက် မနေ့က ညနေ ၄ နာရီဝန်းကျင်အချိန်က မြန်မာ Tik Tok ဆယ်လီတစ်ဦးဖွင့်လှစ်ထားတဲ့ အလှပြင်ဆိုင်ကို ထိုင်းအာဏာပိုင်တွေဝင်ရောက်စစ်ဆေးပြီး မြန်မာနိုင်ငံသား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင် သွား တယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံရသူများကို ကထုန့်ဘဲင်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ထိုင်း ဥပဒေအရ အရေး ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ စမွတ်ဆာခွန် ခရိုင် အလုပ်သမားစီမံခန့်ခွဲရေးဌာနက သတင်းထုတ် ပြန်ထားပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ မြန်မာ အပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံအတွင်း အလှပြင်ဆိုင်ဖွင့်တာ၊ တက္ကစီမောင်းတာ၊ ဈေးရောင်းတာ၊ ပွဲစားလုပ်တာ စတဲ့ အလုပ်အကိုင် (၂၇) မျိုးကို လုပ်ကိုင်ခွင်မရှိကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

နိုင်ငံရောက် ပြည်ပနိုင်ငံသားတွေအနေနဲ့ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်တွေကို ဝင်ရောက်လုပ်ကိုင်လို့ ဖမ်းဆီးခံ ရရင် ဒဏ်ငွေ ဘတ် (၅၀၀၀) ကနေ ဘတ် (၅၀၀၀၀) အထိ ပေးဆောင်ရမှာဖြစ်သလို ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင်ခွင့် (၂) နှစ်ပိတ်သိမ်းခံရမဲ့အပြင် မိမိနေထိုင်တဲ့နိုင်ငံကို ပြန်လည်ပို့ဆောင်ခြင်းခံရမှာ ဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံရဲ့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

ပုံစာ – ထိုင်းနိုင်ငံ ကထုန့်ဘဲင်မြို့နယ်အတွင်းမှာ ဖွင့်ထားတဲ့ မြန်မာလူမျိုး အလှပြင်ဆိုင်ကို ထိုင်းအာဏာပိုင်များ ဝင်ရောက်ဖမ်းဆီးစဉ်

Photo – မြဝတီ-မဲဆောက် မီဒီယာ

ဆက်စပ် သတင်းများ

Most read