ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ပြည်သူ့ကွက်သစ် ၁ လမ်း ထိပ်က တိုက်ရဲ့ ၄ လွှာမှာ ဖုန်းတက်ခိုးယူတဲ့ အမျိုးသမီး တဦး တိုက်ပေါ်ကနေပြုတ်ကျသေဆုံးခဲ့တယ်လို့ စမ်းချောင်းအရန်မီးသတ်ကနေ သိရပါတယ်။
ဧပြီ ၄ ရက်၊ မနက် ၄ နာရီခွဲလောက်မှာ အိမ်ထဲမှာ ဝင်နေတဲ့ အဲ့ဒီအမျိုးသမီးကို အိမ်ရှင်တွေက မိသွားလို့ နောက်ဖေးပြတင်းပေါက်က ခုန်ချရာကနေ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးတဲ့ အမျိုးသမီးကို စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့က ရန်ကုန်ဆေးရုံကြီးကို ပိုဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။