ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ် ဦးညိုလမ်းသွယ် (၃) လမ်းက နာရေးအိမ်တစ်အိမ်ရဲ့ ဖဲဝိုင်းမှာ စကားများရန်ဖြစ်ရာကနေ အမျိုးသားတစ်ဦး ဓားနဲ့အချက်ပေါင်း များစွာထိုးခံရတာကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူအချို့ဆီက သိရပါတယ်။
ဩဂုတ်လ၂၉ ရက်ည ၁၁နာရီကျော်အချိန်ကဖြစ်ပွား ခဲ့တာဖြစ်ပြီး လူတစ်ဦးဓားထိုးခံထားရကြောင့် သွေးထွက်လွန်နေကြောင်း အနီးနားနေသူတွေကအနာဂတ်အလင်းတန်းပရဟိတအသင်းကို အကူညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။
“ထိုးတဲ့သူက ဆဲပြီးပတ်ရမ်းနေသေးတာ ဖဲဝိုင်းမှာ ဖြစ်ကြတာလို့ပြောတယ် ”လို့အနီးနားနေသူတဦးက ပြောပါတယ်။
ဓားထိုးခံထားရတဲ့လူနာကို အနာဂတ်အလင်းတန်းပရ ဟိတအသင်းက မြေပြင်ကုသမှုများပြုလုပ်ပြီး ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။


