Homeပြည်တွင်းသတင်းစမုဆခွန်မှာ မြန်မာအလုပ်သမားတွေလိုက်ပါလာတဲ့ ကားတစ်စီး ရထားသံလမ်း ဖြတ်ကူးစဉ််ကြောက်လန့် ခုန်ချရာမှ မြန်မာအလုပ်သမား အမျိုးသမီး ရထားကြိတ်မိပြီး သေဆုံး

စမုဆခွန်မှာ မြန်မာအလုပ်သမားတွေလိုက်ပါလာတဲ့ ကားတစ်စီး ရထားသံလမ်း ဖြတ်ကူးစဉ််ကြောက်လန့် ခုန်ချရာမှ မြန်မာအလုပ်သမား အမျိုးသမီး ရထားကြိတ်မိပြီး သေဆုံး

၃၁ မေ ၊ ၂၀၂၅

ထိုင်းနိုင်ငံ၊ စမုဆခွန်မြို့မှာ မြန်မာအလုပ်သမားတွေလိုက်ပါလာတဲ့ ကားတစ်စီး ရထားသံလမ်းကို ဖြတ်ကူးစဉ်် ကြောက် လန့်ပြီး ကားပေါ်က ခုန်ချခဲ့တဲ့ မြန်မာအလုပ်သမားတစ်ဦး ရထားကြိတ်မိပြီး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြမှုအရ သိရပါတယ်။

ဒီကနေ့မနက်ပိုင်း စမုဆခွန်၊ မဟာချိုင်အနီး ရထားသံလမ်းကို မြန်မာအလုပ် သမား ၈ ဦးလိုက်ပါလာတဲ့ ပစ်ကပ် ကားက ဖြတ်ကူးကြောင်း၊ ကားက ရထားသံလမ်းကိုဖြတ်ကူးချိန် ရထားမှာလည်း အရှိန်နဲ့ ခုတ်မောင်း လာ တာကြောင့် မြန်မာအလုပ်သမားတွေက ကြောက်လန့်ပြီး ကားပေါ်မှ ခုန်ချရာမှ အသက် ၂၇ နှစ်အရွယ် မြန်မာအလုပ်သမား အမျိုးသမီး မဖြူဖြူမှာ ရထားကြိတ်ခံရကာ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဉ်အတွင်း ကားနှင့် ရထားတိုက်မိချင်းမရှိခဲ့သော်လည်း မြန်မာလုပ်သားတစ်ဦးသေဆုံးခဲ့ရတဲ့အတွက် ကားမောင်းသူကို ထိုင်းရဲတပ်ဖွဲ့ က စစ်မေးလျက်ရှိကြောင်း သိရပါတယ်။

ဆက်စပ် သတင်းများ

Most read