စစ်ကော်မရှင်ဟာ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာကို မနေ့က ဩဂုတ် ၁၉ရက် မွန်းလွဲ၂နာရီမှာ လေ ကြောင်းကနေ ဗုံကြဲတိုက်ခိုက်တကြောင့် ဒေသခံပြည်သူ ၆ ဦးအသက်ဆုံးရှူံးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ရှောက်ပင်ရိုးရွာက 147 KTV ကို မန္တလေး တံတားဦးလေ တပ်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံး ကြဲတိုက်ခိုက်ခဲ့တာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
“လောလောဆယ်တော့ ၆ ဦးပေါ့။ အခုထိ စိစစ်နေတုန်းပါ။ KTV ဆိုတာ စစ်ရေးပစ်မှတ်မှမဟုတ်တာ။ သက်သက်ကို ရမ်းသမ်းလျောက်လုပ်နေတာ။ သူတို့က ဒေသခံတော်လှန်ရေးအဖွဲ့က လူငယ်တွေ KTV လိုနေရာမှာ ရှိတတ်လို့ ပစ်တယ်လို့ သတင်းတော့ကြားတာဘဲ”လို့ဒေသခံတော်လှန်းရေးသတင်းရင်းမြစ်တဦးက New Day Myanmar ကိုပြောပါတယ်။
စစ်ကော်မရှင်လေတပ်ဟာ အခု ရင်ပိုင်းအတွင်း ရှမ်းမြောက်ဒေသအပြင် ကချင်ပြည်နယ် ဖားကန့်၊ ကရင်နီပြည် မော်ချီးဒေသနဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းစတဲ့ တော်လှန်ရေးအဖွဲ့ထိန်းချုပ်နေရာတွေကို အဓိက ပစ်မှတ်ထားလေကြောင်းတိုက် ခိုက်လာနေတာဖြစ်ပါတယ်။


