Homeပြည်တွင်းသတင်းစဉ့်ကူးမြို့ကို အပြီးသတ်သိမ်းပိုက်ရရှိပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကြေညာ

စဉ့်ကူးမြို့ကို အပြီးသတ်သိမ်းပိုက်ရရှိပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကြေညာ

ဇူလိုင် ၂၀၊ ၂၀၂၄

စဉ်ကူးမြို့နယ်အတွင်းက စစ်ကောင်စီစခန်းတွအားလုံးနဲ့ စဉ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဇူလိုင် ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စဉ့်ကူးမြို့နယ်ဟာ စစ်ကောင်စီကင်းစင်သော မြို့နယ်တစ်ခုဖြစ်လာပြီး၊ စဉ့်ကူးမြို့သည်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စဉ့်ကူးစစ်ဆင်ရေးမှာ သုံ့ပန်းအများအပြား ဖမ်းဆီးရမိခဲ့ပြီး၊ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ စစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဘက်မှ ထိုက်သင့်သော ပေးဆပ်မှုအချို့ ရှိခဲ့ပြီး အသက်ပေးလှူသွားခဲ့သော ရဲဘော်များအား ဦးညွှတ် အလေးပြုမှတ်တမ်းတင်အပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စဉ့်ကူးစစ်ဆင်ရေးမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်ခဲ့တာကြောင့် မြို့နေဧရိယာတွေနဲ့ အရပ်သားပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read