Homeပြည်တွင်းသတင်းစစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဖေဖေါ်ဝါရီလအတွင်း အမျိုးသမီး ၆၆ ဦးသေဆုံးခဲ့ရ

စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဖေဖေါ်ဝါရီလအတွင်း အမျိုးသမီး ၆၆ ဦးသေဆုံးခဲ့ရ

၆ မတ်လ၊၂၀၂၅

စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း နိုင်ငံတစ်ဝန်းရှိ အမျိုးသမီး ၆၆ ဦးသေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း အမျိုးသမီး (၆၆) ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ သူအမျိုးသမီး (၆၈) ဦးအထိရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါသေဆုံးသူစာရင်းအတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်(၄၅) ဦး၊လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် (၁၁) ဦး၊မီးရှို့သက်ဖြတ်မှုကြောင့် (၂)ဦး၊အကျဉ်းထောင်အတွင်း ဆေးကုသမှုမလုံ လောက်တာကြောင့် သေဆုံးသူ(၁)ဦးနဲ့ မြေမြုပ်မိုင်းကြောင့် သေဆုံးရသူ (၇) ဦးရှိတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး အဆိုပါသေဆုံးသူ (၆၆)ဦးစာရင်းအတွင်း (၁၃) ဦးမာ အသက်(၁၈) နှစ်အောက်ကလေးတွေဖြစ် တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒဏ်ရာရရှိသူအများစုမှာလည်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခက်မှုတွေနဲ့ မြေမြုပ်မို င်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အကြမ်းဖက် စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှ စတင်ကာ (၄) နှစ်တာ ကာလတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့် အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေခဲ့ကြောင်းနဲ့ ယခုထုတ်ပြန်သည့် အချက်အလက်များမှာ လည်း တိကျခိုင်လုံသော သတင်းမီဒီယာအချက်အလက်များနှင့် မြေပြင်မှရရှိသည့် အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

Photo – BWU

ဆက်စပ် သတင်းများ

Most read