Homeပြည်တွင်းသတင်းစစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီလမှာ အမျိုးသမီး (၇၁) ဦး အသက်ဆုံးရှုံးခဲ့

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီလမှာ အမျိုးသမီး (၇၁) ဦး အသက်ဆုံးရှုံးခဲ့

မေ၊ ၂၀၂၅

စစ်အုပ်စုဟာ သဘာဝဘေး အန္တရာယ် ကြုံနေရတဲ့ ပြည်သူ‌တွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဧပြီလမှာ အမျိုးသမီး (၇၁) ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ထုတ်ပြန်တဲ့အစီရင်ခံစာအရ သိရပါတယ်။

စစ်အုပ်စုဟာ လူသားမျိူးနွယ်တွေအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုဆွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျုးလွန်မြဲ ဖြစ်ပြီး သဘာဝဘေး အန္တရာယ် ကြုံနေရတဲ့ ပြည်သူ‌တွေကိုပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု ယခင်လများထက် ပိုမို အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့မှာ စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၇.၇ ရှိမြေငလျင်ကြီးတစ်ခု လှုပ်ခတ်ခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် စစ်အုပ်စုသည်လည်း ငလျင်အရေးပေါ် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နိုင်ရန် ယာယီအပစ်ရပ်ရန် အသီးသီး ကြေငြာချက်များ ထုတ် ပြန်ခဲ့ကြပါတယ်။

စစ်အုပ်စုက အပစ်ရပ်ကြေငြာထားပေမယ့် ငလျင်ဒဏ်ကြောင့် ပူဆွေး သောက ရောက်နေတဲ့အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုပိုမို အသုံးပြုလာခြင်း ကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေရပါတယ်။

ဧပြီလအတွင်းမှာ မြန်မာနိုင်ငံတဝှမ်း အမျိုးသမီး သေဆုံးမှု ဆက်လက် မြင့်တက်လျက်ရှိတယ်လို့ဆိုပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂအနေနဲ့ သတင်းမီဒီယာများက အချက်အလက် စောင့်ကြည့်လေ့လာ မှတ်တမ်း တင်ထားမှုများ အရ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း နိုင်ငံတစ်ဝှမ်း အမျိုးသမီး (၇၁)ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။

ထိုကဲ့သို့ အသက်ဆုံးရှုံးခဲ့ရတဲ့အကြောင်းရင်းများမှာ စစ်အုပ်စုရဲ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် (၅၉)ဦး၊ ပြည်သူဆွေရဲ့ ရွာနဲ့နေအိမ်တွေကို ပစ်မှတ်ထားလက်နက်ကြီးပစ်ခတ်မှုကြောင့် (၇)ဦး၊ အကြမ်းဖက် စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် (၅) ဦး သေဆုံးခဲ့ရကာ အသက်ဆုံးရှုံးခဲ့တဲ့အမျိုးသမီး (၇၁) ဦး ထဲမှ ( ၁၃) ဦးဟာ အသက် (၁၈) နှစ်အောက်များ ဖြစ်တယ်လို့သိရပါတယ်။

ထို့အပြင် အမျိုးသမီးပေါင်း (၅ဝ)ဦးကလည်း ဒဏ်ရာရရှိခဲ့ပြီး စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပါအဝင်လက်နက်ကြီး ပစ်ခတ်မှု၊ မြေမြှုပ်မိုင်းနဲ့ အာရက္ခတပ်ဖွဲ့ဝင်တွေက မုဒိမ်းပြုကျင့်တာကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့အချက်အလက်ကောက်ယူ မှတ်တမ်းတင်မှုတွေအရ ၂ဝ၂၅ ခုနှစ် ဧပြီလအတွင်း အသက်ဆုံးရှုံးခဲ့တဲ့အမျိုးသမီးဦးရေဟာ စစ်ကိုင်းတိုင်း ဒေသကြီးက (၃ဝ) ဦး၊ မန္တလေးတိုင်း ဒေသကြီးက (၁၄) ဦးနဲ့ ပဲခူးတိုင်းဒေသကြီးက (၅) ဦး တို့ ဖြစ်ကြပြီး စစ်ကိုင်းတိုင်း ဒေသကြီးက အမျိုးသမီး သေဆုံးမှု အများဆုံး ဖြစ်ပါတယ်။

ဓာတ်ပုံ -WOPP

ဆက်စပ် သတင်းများ

Most read