Homeပြည်တွင်းသတင်းစစ်အုပ်စုရဲ့အကြမ်းဖက်မှုကြောင့် ရှမ်းပြည်နယ်မှာတစ်နှစ်အတွင်း အရပ်သား ၁၅၀ ကျော် သေဆုံးခဲ့

စစ်အုပ်စုရဲ့အကြမ်းဖက်မှုကြောင့် ရှမ်းပြည်နယ်မှာတစ်နှစ်အတွင်း အရပ်သား ၁၅၀ ကျော် သေဆုံးခဲ့

၃၀ ဇန်နဝါရီ၊ ၂၀၂၅

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် ရှမ်းပြည်နယ်မှာ တစ်နှစ်အတွင်း အရပ်သားပြည်သူ ၁၅၀ ကျော် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ထုတ်ပြန်မှု အရသိရပါတယ်။

AAPP က ကောက်ယူထားတဲ့သတင်းအချက်အလက်တွေအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ရှမ်းပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၆၁) ဦး နဲ့ အမျိုးသား (၉၃) ဦး စုစုပေါင်း (၁၅၄) ဦး သေဆုံးခဲ့တာကို အမည် နဲ့ တကွအတည်ပြုနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါအရေအတွင်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၂) ဦးပါဝင်နေပြီး အဆိုပါ သေဆုံးသူများ အနက် (၉၇) ဦးမှာ စစ်အုပ်စုရဲ့ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ ရတာဖြစ် တယ်လို့ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စု နဲ့ ၎င်းရဲ့ လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း (၆၂၂၄) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read