Homeပြည်တွင်းသတင်းစစ်အုပ်စုက သူတို့ ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးတွေကို ဖုံးကွယ်ဖျောက်ဖျက်ဖို့ တနှစ်ကို ဒေါ်လာ ၃ သန်းနဲ့ အမေရိကန်လော်ဘီအဖွဲ့ DCI Group...

စစ်အုပ်စုက သူတို့ ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးတွေကို ဖုံးကွယ်ဖျောက်ဖျက်ဖို့ တနှစ်ကို ဒေါ်လာ ၃ သန်းနဲ့ အမေရိကန်လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်း

ဩဂုတ် ၂၀၂၅

မြန်မာစစ်တပ်ဟာ သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတရားဝင်မှု ရရှိရေး ကြိုးပမ်းတဲ့ အနေနဲ့ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုကြီးတွေကို ဖုံးကွယ်ဖျောက်ဖျက်ဖို့နဲ့ ပုံရိပ်ကောင်းရရှိအောင်လုပ်ဆောင်ဖို့ လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်းခဲ့တယ်လို့ သိရပါတယ

DCI Group ဟာ စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဇူလိုင်လ ၃၁ ရက်မှာနေ့တွင် စတင်အသက်ဝင်မယ့် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ “ကုန်သွယ်ရေး၊ သဘာဝသယံဇာတနှင့် လူသားချင်းစာနာမှုအကူအညီ” ဆိုင်ရာများတွင် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးများ “ပြန်လည်တည်ဆောက်ရေး” အတွက် ဆောင်ရွက်ရန် တနှစ်စာအတွက် အမေရိကန်ဒေါ်လာ ၃ သန်း စုစုပေါင်းပေးချေရမှာဖြစ်တယ်လို့ Justice For Myanmar ကဖော်ပြပါတယ်။

အဆိုပါစာချုပ်ကို DCI Group ရဲ့စီမံခန့်ခွဲမှုမိတ်ဖက် Justin Peterson နဲ့ စစ်အုပ်စုရဲ့ အမြဲတမ်းအတွင်းဝန် ဝင်းကျော်အောင် ကိုယ်စားပြုတဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားကိုယ်စားလှယ်မှတ်ပုံတင်ရေးဥပဒေစာရွက်စာတမ်းတွေမှာ DCI Group နဲ့ အဓိကထိတွေ့ဆက်ဆံမည့်သူအနေဖြင့် စစ်အုပ်စုပြန်ကြားရေးဝန်ကြီးဌာန၏ ဒုတိယအမြဲတမ်းအတွင်းဝန်လည်းဖြစ်၊ အတွင်းရေးမှူးလည်းဖြစ်တဲ့ မြင့်ကျော်ကို စာရင်းသွင်းထားတယ်လို့သိရပါတယ်။

DCI Group ဟာ ရီပတ်ပလစ်ကန်ပါတီနဲ့ နီးစပ်တဲ့ လော်ဘီအဖွဲ့ ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒေါ်နယ်ထရန့်အစိုးရရဲ့ ပထမသက်တမ်းအတွင်း သမ္မတက Justin Peterson ကို ပူအာတိုရီကိုနိုင်ငံအတွက် ဘဏ္ဍာရေးဆိုင်ရာကြီးကြပ်မှုနဲ့ စီမံခန့်ခွဲမှုဘုတ်အဖွဲ့မှာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ဖူးပါတယ်။

DCI Group ဟာ ၂၀၀၂ ခုနှစ်ကလည်း အရင်မြန်မာစစ်အုပ်စုနဲ့ စာချုပ်တစ်ရပ် ရှိခဲ့ပြီး၊ စစ်အုပ်စုရဲ့ ပုံရိပ်ကို ခဝါချသန့်စင်ရေးနဲ့ “နိုင်ငံရေးရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေး” လမ်းကြောင်းကို တွန်းတင်ရေးတို့အတွက် အမေရိကန်အစိုးရကို လော်ဘီလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး