စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း အမျိုးသမီး ၇၀ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးများ သမဂ္ဂ (Burmese Wonmen’ Union) အဖွဲ့ က နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေကို တိုးပြီးလိုက်ဆောင်နေသလို အကြမ်းဖက် လုပ်ရပ်တွေကို တွင်ကျယ်စွာ ပြုလုပ်နေတယ်လို့ Burmese Wonmen’ Union အဖွဲ့ကဆိုပါတယ်။
ဒီလိုလုပ်ရပ်တွေကြောင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာလည်း အမျိုးသမီး (၇၀)ဦး သေဆုံးခဲ့ရတယ်လို့ Burmese Wonmen’ Union အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အမျိုးသမီးမှတ်တမ်းနဲ့သုတေသနလုပ်ငန်းစဉ်အနေနဲ့ အခုထုတ်ပြန်တဲ့ အချက်အလက်များမှာ တိကျခိုင်လုံတဲ့ သတင်းမီဒီယာအချက်အလက်များနဲ့ မြေပြင်မှရရှိတဲ့ အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားတာဖြစ်ပါတယ်လို့ ဆိုပါတယ်။


