Homeပြည်တွင်းသတင်းစစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ်ပေါင်း ၁ သိန်း ၁ သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ

စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ်ပေါင်း ၁ သိန်း ၁ သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ

၂၈ ဖေဖော်ဝါရီ၊ ၂၀၂၅

စစ်အာဏာသိမ်း ပြီး ၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သုံးနှစ် ကျော် ကာလအတွင်း အရပ်သားနေအိမ်ပေါင်း ၁ သိန်း ၁ သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရသိရပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်ပေါင်း ၁၁၂,၄၈၅ လုံးပျက်စီးခဲ့ရပြီး အဆိုပါစာရင်းအတွင်း စစ်တပ်နဲ့ သူရဲ့လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀၈,၆၄၅ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း မန္တလေးတိုင်း ၊မကွေးတိုင်း၊ရှမ်းပြည်နယ် (တောင်ပိုင်း)၊စစ်ကိုင်းတိုင်း ၊ပဲခူးတိုင်း၊ (အနောက်ခြမ်း)၊ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်းက အရပ်သားနေအိမ်ပေါင်း ၃၀၈၃ လုံး မီးရှို့ဖျက် ဆီး ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ၂၀၂၄ ခုနှစ်ဒီဇင်ဘာလအတွင်း မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းက ရွာပေါင်း ၈ ရွာက နေအိမ်ပေါင်း ၉၇၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းနဲ့ မကွေးတိုင်း ပခုက္ကူမြို့နယ်နဲ့ ရေစကြိုမြို့နယ်အတွင်းရှိ ရွာပေါင်း ၁၆ ရွာက နေအိမ်ပေါင်း ၂၇၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်ထိန်းချုပ်လိုက်တဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက ရွာတွေမှာ နေအိမ် ပေါင်း ၁၁၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အတွက် ဒီဇင်ဘာလအတွင်းမှာ အထိအခိုက်အများ ဆုံးဒေသဖြစ် ခဲ့တယ်လို့လည်း Data for Myanmar ရဲ့ စာရင်းတွေအရ သိရပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းမှာလည်း ၂၀၂၄ ခုနှစ် မေလအတွင်း အရပ်သားပြည်သူတွေရဲ့ နေအိမ်ပေါင်း ၃၈၄၀ မီးရှို့ဖျက်ဆီူခံခဲ့ရပြီး ကျူးလွန်တဲ့အဖွဲ့အစည်းတွေကို အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

ပြည်နယ်နယ်နဲ့တိုင်းအလိုက် မီးရှို့ဖျက်ဆီးခံရတဲ့ အရေအတွက်စာရင်းတွေအရ စစ်ကိုင်းတိုင်းတွင် နေအိမ် ပေါင်း ၇၅၈၆၄ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အတွက် တစ်နိုင်လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အရပ်သားနေအိမ် စုစုပေါင်းရဲ့ ၆၇ ရာခိုင်းနှုန်းကျော်ရှိခဲ့တယ်လို့လည်း Data for Myanmar ရဲ့စာရင်းတွေအရ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read