Homeပြည်တွင်းသတင်းစစ်အာဏာရှင်ဝါဒကို ဖြိုချအဆုံးသတ်ပြီးဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် တည်ဆောက်သွားမယ်လို့ KNU ဥက္ကဋ္ဌပြော

စစ်အာဏာရှင်ဝါဒကို ဖြိုချအဆုံးသတ်ပြီးဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် တည်ဆောက်သွားမယ်လို့ KNU ဥက္ကဋ္ဌပြော

၁၉ ဒီဇင်ဘာ ၂၀၂၅

စစ်အာဏာရှင်ဝါဒကို ဖြိုချအဆုံးသတ်ပြီးဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အဖြစ် တည်ဆောက်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားပါတယ်။

ဒီရည်မှန်းချက် အပြည့်အ၀ရရှိဖို့ နိုင်ငံ ရေးနည်းလမ်းတစ်ခုထဲနဲ့ မလုံလောက်တာကြောင့် စစ်ရေးနည်းလမ်းနဲ့လည်း အကောင်အထည်ဖော်သွားရ မှာဖြစ် ကြောင်း ဆိုပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၂၇၆၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သို့ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်က ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလို ပြောကြားခဲ့တာပါ။

“ကရင်လူမျိုးများသာကမ ပြည်သူလူထုများ၊ လူမျိုးစုများ အားလုံး ကလည်း ဒီအခြေအနေကို သဘောပေါက်နားလည်လက်ခံပြီး ကျနော်တို့နဲ့အတူ လက်တွေ့ရင်ဆိုင်ပြီး တော်လှန်ရေးတိုက်ပွဲမှာ အတူရပ်တည်ကာ ဒီနိုင်ငံရဲ့ အုပ်ချုပ်ရေးမူဝါဒတွေကို ပြောင်းလဲနိုင်ဖို့ အတူတကွ ပါဝင်ဆောင်ရွက်လျက် အောင်မြင်မှုကို အတူတကွ ရယူကြဖို့ရန် တိုက်တွန်းဖိတ်ခေါ်လိုပါတယ်” လို့ ဆိုပါတယ်။

ဒါအပြင် စစ်အာဏာရှင် စနစ်အုပ်ချုပ်ရေးခေတ် ချုပ်ငြိမ်းပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်နိုင်တဲ့ အချိန်ကျမှသာလျှင် စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရမယ်ဆိုတာကိုလည်း ဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

“နိုင်ငံအနှံ့ နေရာအနှံ့မှာ စစ်ပွဲတွေဖြစ်ပွားနေပါတယ်။ ဗမာစစ်တပ် အနေနဲ့ စစ်ရေးတော်လှန်မှုတွေကို ဖြိုခွင်းဖို့အ တွက် လူမဆန်တဲ့ စစ်စည်းကမ်းဥပဒေနဲ့မညီတဲ့ စစ်ဆင် ရေး နည်းလမ်းတွေကို သုံးနေပါတယ်။ အရပ်သားပြည်သူတွေ နေထိုင်ရာရပ်ရွာ၊ မြို့ပြ၊ အများပြည်သူ စုဝေးရာနေရာ၊ အများပြည်သူဆိုင်ရာ အဆောက်အဦးတွေနဲ့ ဘာသာရေး အ ဆောက်အဦးတွေကိုစစ်ဖက်ပစ်မှတ်နဲ့ အရပ်ဖက်နေရာ ခွဲခြားပိုင်းခြားခြင်း မရှိဘဲကို အဆင့်မြင့် လက်နက်ကြီးတွေ၊ စစ်လေ ယာဉ်တွေနဲ့ ပစ်ခတ်ဗုံးကြဲ သတ် ဖြတ်ဖျက်ဆီးနေပါတယ်”လို့ KNU ဥက္ကဋ္ဌက ပြောပါတယ်။

ဒီအခြေအနေမျိုးမှာ စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် ပြည်သူလူထုဟာ ကျပ်တည်းမှု၊ ပျက်စီးဆုံးရှုံးမှု၊ သေဆုံးမှု၊ ပူပင် ကြောင့်ကြရမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရ တဲ့သူတွေ အရေ အ တွက် များသထက် များလာနေကြောင်း KNU ဥက္ကဋ္ဌက ပြောပြပါတယ်။

KNU ဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာ မတူကွဲ ပြားမှုတွေကို ဘေးဖယ်ပြီး ကိုယ့်အဖွဲ့အစည်း အကျိုး စီးပွားအတွက်ကိုပဲ ကြည့်တာမျိုးမလုပ်ပဲ ကရင်လူမျိုး နဲ့ နိုင်ငံ့အကျိုးစီးပွားကို ရှေ့ရှုပြီး ဆောင်ရွက် သွားကြဖို့လည်း တိုက်တွန်းထားပါတယ်။

ကရင်အမျိုးသားရေးအတွက် ဆောင် ရွက်မယ်လို့ ကြွေးကြော်ထားတဲ့ ကရင် အမျိုးသားအဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာနဲ့ ပူးပေါင်းဆောင် ရွက်ကြဖို့၊ ကရင်တမျိုးသားလုံးရဲ့ အ ကျိုးစီးပွားအတွက် ရည်မှန်းချက်တစ်ခုထဲ၊ ခေါင်းဆောင်မှုတစ်ခုထဲအောက်မှာ အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်သွားကြဖို့ကိုလည်း KNU ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး