မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA (AD) နဲ့ မွန်ပြည် လွတ်မြောက်ရေးတပ်တော် MLA တို့ပေါင်းစီးပြီး၊ Ramonnya Mon Army ရာမညတပ်တော်ကို ဖွဲ့စည်းလိုက်တယ်လို့ မေလ ၂၄ ရက်မှာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး နဲ မွန်ပြည်လွတ် မြောက်ရေးတပ်တော်တို့ဟာ စစ်အာဏာရှင်တိုက်ဖျက်ရေး၊ တန်းတူရေး နဲ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ရှိတဲ့ မွန်ပြည်ပေါ်ထွန်းဖို့ ရည်ရွယ်ချက်နဲ့ ပေါင်းစည်းလိုက်တာလို့ ဆိုပါတယ်။
ရာမညတပ်တော်အနေနဲ့ အဖိနှိပ်ခံဘဝတူ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများ ၊ ပြည်သူ့ကာကွယ်ရေးတပ်များ နဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။