စစ်ရာဇဝတ်မှုတွေဆက်လက်ကျူးလွန်နေတဲ့ စစ်အုပ်ကို အာဆီယံက ရှုတ်ချဖို့နဲ့ အရေးယူဖို့ ပျက်ကွက်တဲ့အပေါ် စိတ်ပျက်မိတယ်လို့ မနေ့ကဇူလိုင် ၁၇ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါအပြင် အာဆီယံအနေနဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားတာ တစုံတရာမပါရှိတဲ့အတွက်အကြမ်းဖက်စစ်အုပ်စုကို သွယ်ဝိုက်ပြီးအကာအကွယ်ပေးနေတဲ့သဘောသက်ရောက်တယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံမှာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တဲ့ (၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးအပြီး ကြေညာချက်မှာ အာဆီယံအနေဖြင့် စစ်ကောင်စီကိုရှုတ်ချဖို့နဲ့ အရေးယူဖို့ပျက် ကွက်တဲ့အတွက် NUG အမျိုးသားညီညွတ်ရေးအစိုးရက အခုလိုထုတ်ပြန်ကြေညာလာတာဖြစ်ပါတယ်။
အာဆီယံ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အနေနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ စတင်တာဝန်ယူခဲ့တဲ့အချိန်ကစလို့ H.E. Tan Sri Othman Hashim ဟာ မြန်မာနိုင်ငံကိုသွားရောက် ပြီး မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသတဲ့ မြန်မာနိုင်ငံရဲ့တရားဝင် ခေါင်း ဆောင်တွေနဲ့ တွေ့ဆုံနိုင်ရေးအတွက်
အကြမ်းဖက်စစ်အုပ်စုအပေါ် စည်းရုံးဖိအားပေးနိုင်စွမ်းမရှိနေတဲ့အချက်ဟာ အာဆီယံရဲ့ မြန်မာ့အရေးကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမှာ အကန့်အသတ်များစွာ ရှိနေတာကို ဖော်ပြရာရောက်တယ်လို့အသိပေးချက်မှာဖော်ပြထားပါတယ်။
ဒါကြောင့် အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ပဋိပက္ခကို အမှန်တကယ် ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ရာမှာ မြန်မာပြည်သူတွေရဲ့ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ နွေဦးတော် လှန်ရေး ရည်မှန်းချက်ပန်းတိုင်တွေကိုအပြည့်အဝ နားလည်စာနာဖို့ လိုတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း အကြမ်းဖက်မှုတွေကြောင့် အာဆီယံဒေသတွင်း စုစည်းမှု၊ ငြိမ်းချမ်းတည်ငြိမ်မှု၊ ကြွယ်ဝဖွံ့ဖြိုးမှုနဲ့လူထုဗဟိုပြု အာဆီယံအသိုက်အဝန်တည်ဆောက်နိုင်ရေးတို့ကို အဟန့်အတားဖြစ်စေခဲ့ရတဲ့အခြေအနေကို ကောင်းစွာလက်ခံကာ အ ကြမ်းဖက်စစ်အုပ်စုကို ဖိအားပေးအရေး ယူတာတွေနဲ့ လက်တွေ့ကျသင့်လျော်တဲ့ ဆောင်ရွက်တာတွေ အပါအဝင် လိုအပ်တဲ့ မဟာဗျုဟာတွေချမှတ်ဆောင်ရွက်သွားရန်အမျိုးသားညီညွတ်ရေးအစိုးရက အလေးအနက် တိုက်တွန်းတယ်လို့ ဖော်ပြထားပါတယ်။


