၂၄ ဇန်နဝါရီ ၊ ၂၀၂၄
လူမှုကွန်ရက်စာမျက်နှာမှာ ပြန့်နှံ့ခဲ့တဲ့ စစ်ကောင်စီတပ်သား (၂) ဦးကို အာရက္ခတပ်တော် AA က သတ်ဖြတ်ခဲ့တဲ့ ဗီဒီယိုဖိုင် နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူပြီးဖြစ်တယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက သတင်းမီဒီယာတွေကို ဖြေရှင်းပြောဆိုထားပါတယ်။
ပြန့်နှံ့လာတဲ့ရုပ်သံဖိုင်အတွင်း AA ယူနီဖောင်းဝတ်ဆင်ထားတဲ့ တပ်ဖွဲ့ဝင်အချို့က စစ်ကောင်စီတပ်သား သုံ့ပန်း (၂) ဦးကို အချက်ပေါင်းများစွာ ရိုက်နှက်ကန်ကျောက်ပြီးနောက် အရှင်လတ်လတ် လည်ပင်းဖြတ် သတ်ဖြတ် ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ ၂၀၂၄ ဖေဖော်ဝါရီ (၇) ရက်က ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီရဲ့ စကခ ၉ ဌာနချုပ်ကို ထိုးစစ်ဆင်ချိန် AA တပ်ဖွဲ့ဝင်အချို့ နဲ့ ပြည်သူ့စစ်တွေ စစ်စည်းကမ်းချိုးဖောက်ကျူးလွန်ခဲ့ခြင်း ဖြစ်တယ်လို့ ဦးခိုင်သုခ က BBC သတင်းဌာနကို အတည်ပြုပြောဆိုထားပါတယ်။
အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေမှာ AA တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ် ထားတဲ့အတွက် ဖမ်းဆီးရမိချိန်တွင် ဒေါသမထိန်းနိုင်ဘဲ လက်စားချေမိခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ စစ်ရာဇဝတ် မှုကျူးလွန်တဲ့လုပ်ရပ်မျိုးကို AA အနေဖြင့် လုံးဝလက်မခံကြောင်း နဲ့ ပြစ်မှုကျူးလွန်ခဲ့တဲ့ AA တပ်ဖွဲ့ဝင်တွေကို အပြစ်ပေးအရေးယူထားပြီး ဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။
ဒီဖြစ်စဉ်အပေါ် အရပ်သားတွေ သို့မဟုတ် ဖမ်းဆီးထားတဲ့ ရန်သူ့တပ်သားတွေကို ညှဉ်းပန်းနှိပ်စက်ပြီး တရား လက်လွတ်ကွပ်မျက်တာဟာ စစ်ရာဇဝတ်မှုမြောက်ပါတယ် ဖမ်းဆီးရမိတဲ့ ရန်သူ့တပ်သားတွေကို စစ်သုံ့ပန်း တွေအဖြစ် ဂုဏ်သိက္ခာရှိရှိဆက်ဆံသင့် ပြီး ဂျီနီဗာကွန်ဗင်းရှင်းရဲ့ ကာကွယ်စောင့်ရှောက်မှုတွေပေးကာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့တာဝန် ရှိသူတွေကို ကို တရားစွဲဆိုသင့်တယ်လို့ လူ့အခွင့်အရေး စောင့် ကြည့်အဖွဲ့ Fortify Rights မှ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ Ejaz Min Khant (ဧဂျက်ဇ်မင်းခန့်) က ပြောဆိုထားပါတယ်။
Photo – Fortify Rights