Homeပြည်တွင်းသတင်းစစ်မှုထမ်း လူစုတာ အရည်အတွက် မပြည့်ရင် အုပ်ချုပ်ရေးမှူးတွေ အရေးယူခံရမယ်လို့ ဖိအားပေးထား

စစ်မှုထမ်း လူစုတာ အရည်အတွက် မပြည့်ရင် အုပ်ချုပ်ရေးမှူးတွေ အရေးယူခံရမယ်လို့ ဖိအားပေးထား

၃ ဖေဖော်ဝါရီ၊ ၂၀၂၅

သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ စစ်သားစုဆောင်းရာမှာ သတ်မှတ်အရေအတွက်မပြည့်မီဘူးဆိုရင် အရေးယူခံရမယ်လို့ စစ်ကောင်စီက ဖိအားပေးထားတယ်လို့ အုပ်ချုပ်ရေးအသိုင်းဝိုင်းက သိရပါတယ်။

ကျား-မ မရွေး မည်သူမဆိုစစ်မှုထမ်းရမယ်််််််ဆိုတဲ့ စစ်မှုထမ်းနည်းဥပဒေထွက်လာပြီးနောက်ပိုင်း လူငယ်အများအပြားက ထွက်ပြေးတိမ်းရှောင်မှုတွေရှိလာပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီက သတ်မှတ်အရေအတွက်ပြည့်မီဖို့ သက်ဆိုင်ရာရပ်ကျေး၍ဥက္ကဌတွေကို ဖိအားပေလာတာတွေရှိတယ်လို့ ရန်ကုန်မြို့က အုပ်ချုပ်ရေးမှူး တဦးက New Day Myanmar ကိုပြောပါတယ်။

“တစ်လကို အနည်းဆုံး စစ်မှုထမ်းဖို့ လူ ၃၀ ရှာပေးရတယ်။ တချို့က စစ်မှုထမ်းစာရင်းပါပြီး မထမ်းတဲ့သူတွေရှိတယ်။ သူတို့ကျတော့ လူစားထိုးလိုက်တာတွေရှိတာပေါ့။ ဒီနောက်ပိုင်းကျတော့ မရတော့ဘူး။ ဘယ်သူမှကလည်း စစ်မှုမထမ်းချင်ကြတော့ဘူး။ သတ်မှတ်လူဦးရေမပြည့်ရင် အရေးယူမယ်ပြောတယ်။ ဒီနောက်ပိုင်း ဧည့်စာရင်းတွေတောက်လျှောက်စစ်တာ အဲဒါတွေကြောင့်ပါတယ်။ ပြီးတော့ ညဘက်လမ်းပေါ်မသင်္ကာလူတွေ့ရင်ဆွဲခေါ်တယ်။ အဲဒီလိုနည်းနဲ့ပဲ စစ်သားစုဆောင်းပေးနေရတယ်” လို့သူက ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေမှာ စစ်မှုထမ်းရမယ့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုး သားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသူ၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသူ၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသူ၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသူ ဆိုလိုကြောင်း ဖော်ပြထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီအနေနဲ့ ဥပဒေသာထုတ်ပြန်ထားပေမယ့် ည ၈ နာရီကျော်လွန်ပါက ဖမ်းဆီးမှုတွေပြုလုပ်လာသလို ရန်ကုန်မှာလည်း မကြာခဏ လူပျောက်ကြော်ညာတွေ ကြေငြာထားတာကို တွေ့ရှိရပါတယ်။

ပုံစာ – စစ်မှုထမ်းဖို့ စုဆောင်းခံရသူများ

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read