Homeပြည်တွင်းသတင်းစစ်မှုထမ်းဖို့ ခေါ်ဆောင်ထားတဲ့ လူငယ်တွေကို စစ်သင်တန်းကျောင်းကို ဒီနေ့ပို့ဆောင်

စစ်မှုထမ်းဖို့ ခေါ်ဆောင်ထားတဲ့ လူငယ်တွေကို စစ်သင်တန်းကျောင်းကို ဒီနေ့ပို့ဆောင်

၁၃ ဇူလိုင် ၂၀၂၅

ရန်ကုန်တိုင်း မြို့နယ်အသီးသီးကနေ စစ်မှုထမ်းဖို့ အဓမ္မခေါ်ဆောင်ခံထားရတဲ့လူငယ်တွေကို ဒီနေ့ဇူလိုင် ၁၃ ရက် နံနက် ၇ နာရီအချိန်ကစလို့ တိုက်ကြီးမြို့ နယ် အမှတ် ၁ တန်းမြင့် စစ်သင်တန်းကျောင်းဆီကို ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့ Rangoon Scout Network ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဲ့ဒီ လူငယ်တွေကို လှိုင်မြို့နယ်၊ ဘုရင့်နောင် စစ်ကြောရေးဝင်းထဲကနေ စစ်ကားကြီး အစီး ၂၀ ခန့်နဲ့တင်ဆောင်ပြီး ဘေးပတ်လည်မှာ စစ်ကားတွေ အိမ်စီးကားတွေနဲ့ စောင့်ကြပ်ပို့ဆောင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း စစ်သင်တန်းကျောင်း အပတ်စဉ် ၁၅ တက်ရောက်ဖို့ ရောက်ရှိလာတဲ့ လူငယ်တွေကို ကြိုဆိုတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့မှာ လှိုင်မြို့နယ်၊ ဘုရင့်နောင် စစ်ကြောရေးဝင်းထဲမှာ စစ်မှု ထမ်းဖို့ခေါ်ဆောင်ခံထားရတဲ့ လူငယ်တစ်ဦး နှစ်ထပ်တိုက်အဆောင်ပေါ်ကနေ ခုန်ချခဲ့တဲ့အတွက် သေဆုံးခဲ့ရပါသေးတယ်။

စစ်ကောင်စီက စစ်မှုထမ်းဖို့ ခေါ်ဆောင်ထားတဲ့ လူငယ် ၄၀၀ ခန့်ဟာ လှိုင်မြို့နယ်အတွင်းမှာရှိတဲ့ အုတ်ကျင်း စစ်ကြောရေးမှာ ရှိနေတာဖြစ်ပြီး ရွှေပြည်သာမြို့နယ်က လူငယ် ၄၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- စကစ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး