၁၇ ဖေဖော်ဝါရီ၊ ၂၀၂၅
စစ်ကောင်စီတပ်က မတရားဖမ်းဆီးပြီး ပြည်သူ့စစ်မှုထမ်းခိုင်းစေခံရတဲ့ စစ်သား(၃)ဦး လက်နက်များနဲ့အတူ လယ်ဒိုမြို့နယ် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၉) ထံလက်နက်ချ အလင်းဝင်လာတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ် ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉)ထံကို၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလ(၁၇) ရက်က စစ်ကောင်စီတပ် ခမရ-၅၈၄တပ်ရင်းမှ တပ်သားမြတ်မင်းသူ (၂၁) နှစ်၊ တပ်သားဝင်းမင်းကို (၂၄)နှစ်၊ တပ်သားမိုးသောက်ယံ (၂၀)နှစ်တို့(၃)ဦးက လက်နက်တွေ ယူဆောင်ပြီး အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
သူတို့ ၃ ဦးဟာ စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခံရကာ ပြည်သူ့စစ်မှုထမ်း အဖြစ်သို့ အတင်း အဓ္ဓမစစ်မှုထမ်း စေခိုင်းခြင်းကိုခံခဲ့ရသူတွေဖြစ်ပြီး လက်နက်ချ အလင်းဝင်လာစဉ် သူတို့နဲ့အတူ MA-3 ၂လက်၊ (MA-1 ၁လက်၊ ကျည်ဘောက် (၁၁)ခု၊ ကျည် (၇၇၆) တောင့်၊ လက်ပစ်ဗုံး (၁) လုံး တို့ကို ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို စစ်တပ်ရဲ့တရားဖမ်းဆီးကာ အတင်းအဓ္ဓမစစ်မှုထမ်း စေခိုင်းခံရသော တပ်သားတွေ အနေနဲ့နီးစပ်ရာတိုင်းရင်းသား တော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေ ထံကို ရရာနည်းနဲ့လက်နက်ချ အလင်းဝင်ဖို့ KNU က တိုက်တွန်းထားပါတယ်။
ပုံစာ − လက်နက်ချအလင်းဝင်လာသော စစ်ကောင်စီတပ်သားများအား လက်ခံကြိုဆိုနေစဉ်
ဓါတ်ပုံ – KNU