စစ်မှုထမ်းတပ်သားသစ်တွေ အသုံးပြုပြီးကော့ကရိတ်-မြဝတီအာရှလမ်းမကြီးကို စစ်ကော်မရှင်ထိုးစစ်ဆင်၊ KNU/PDF ပူးပေါင်းတပ်များနဲ့တိုက်ပွဲပြင်းထန်နေတယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသနဲ့ဖိးစပ်တဲ့ တော်လှန်ရေးသတင်းရင်းမြစ်တဦးကဆိုပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဩဂုတ် ၁၀ ရက် ကစလို့ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး၊ ရော့ကရိတ် တတန်ကူးရွာကနေ အာရှလမ်းမကြီးပေါ်ကို တက်ရောက်စစ်ကြောင်းထိုးဖို့ လက်နက်ကြီးပစ်ကူတွေဆက်တိုက်ပစ်ခတ်နေတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ အာရှလမ်းမကြီးပေါ်ကနေ စစ်ကြောင်းထိုးဖို့ ကျုံဒိုးမှ ကော့ကရိတ် စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ်မှာ အင်အား ၅၀၀ ဝန်းကျင် အားဖြည့်ပြီး စစ်ကြောင်စထိုးလာတာဖြစ်တယ်လို့သိရပါတယ်။
လတ်တလောတိုက်ပွဲ အခြေအနေ ဘယ် လိုရှိနေတယ်ဆိုတာကို New Day Myanmar သတင်းဌာနအနေနဲ့ ဆက်သွယ်အတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
လတ်တလောအခြေအနေတွေအရ စစ်ကော်မရှင် စစ်ကြောင်းဟာ အာရှလမ်းမတောင်ဘက် ကော့နွဲရွာ၊ တတန်ကူးရွာဘက် နဲ့ အာရှလမ်းမမြောက်ဘက် ရန်ကုတ်ရွာ၊ လှိုင်စိမ်းရွာ၊ ကောင်းမှု့ ရွာတွေဘက်ကို စစ်ကြောင်းထိုး နယ်မြေစိုးမိုးဖို့လုပ်ဆောင်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းတွေအရ သိရပါတယ်။
ပုံစာ – မြဝတီ၊ အာရှလမ်းမ တနေရာတွင် တွေ့ရသည့် KLNA ပူးပေါင်းတပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – CJ


