Homeပြည်တွင်းသတင်းစစ်တောင်းမြစ်ဝှမ်းစစ်ဆင်‌ရေးအနေနဲ့ကျောက်ကြီးမြို့နယ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း နှစ်ခုကို တိုက်ခိုက်၊ လက်နက်ကြီးများအပါအဝင် ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိ ဟုဆို

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်‌ရေးအနေနဲ့ကျောက်ကြီးမြို့နယ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း နှစ်ခုကို တိုက်ခိုက်၊ လက်နက်ကြီးများအပါအဝင် ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိ ဟုဆို

၂၆ ဇူလိုင် ၂၀၂၅

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်‌ရေးအနေနဲ့ကျောက်ကြီးမြို့နယ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း နှစ်ခုကို တိုက် ခိုက်ခဲ့ရာမှာ လက်နက်ကြီးများအပါအ ဝင် ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်(၂)စစ်ဆင်ရေးနယ်မြေ ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ဇူလိုင်၂၆ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရင်း တိုက်ကုန်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ် (၂)စစ်ဆင်ရေးနယ်‌‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅) အမှတ်(၃၇၀၂) တပ် ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်းနဲ့ KNLA တပ်ရင်း(၉) တို့ပူးပေါင်းပြီး မနေ့ ဇူလိုင် လ (၂၅)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ကလက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းများနဲ့စစ်သုံးဆက်စပ်ပစ္စည်းတွေကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးသေဆုံး၊ (၂၀)ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိကာ စခန်းကိုစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်းရဲဘော်(၁)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူဘဲ ကျောက်ကြီးမြို့နယ်၊လက်ပတ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပဲခူး တိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ အမှတ် (၃၅၀၃)တပ်ရင်း၊ နဂါးနီတပ်ရင်း၊ ဗျူဟာ (၂၆)၊ တော်ဝင်ဒေါင်းတပ်ရင်း၊ အမှတ် (၃၇၀၃)တပ်ရင်း၊တောကျီးကန်းတပ် ရင်းနဲ့ KNLA တပ်ရင်း(၈) တို့ပူးပေါင်းပြီးဇူလိုင်လ (၂၅)ရက်နေ့မှာဝင်ရောက်တိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်က ရဲဘော်(၁)ဦးကျဆုံးပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ပိတ်မိနေ‌‌သည့် အကြမ်း ဖက်စစ်ကောင်စီ တပ်မိသားစုဝင်တွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကဘေးလွတ်ရာကို ပို့ဆောင်ပေးခဲ့ကြတယ် ဖော်ပြထားပါတယ်။

ဓာတ်ပုံ-အမှတ်(၂)စစ်ဆင်ရေးနယ်မြေ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး