၁၂ မတ် ၊ ၂၀၂၅
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်တာ ကာလအတွင်း ၄၆၁ ကြိမ် ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်ခဲ့တယ်လို့ အသံ မှကောက်ယူထားတဲ့ စစ်တမ်းအချက်လက်တွေအရ သိရပါတယ်။
တစ်နိုင်ငံလုံးအတာအတိုင်းအနေနဲ့ မြို့နယ်ပေါင်း (၂၀၃) မြို့နယ်မှာ ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်ခဲ့တယ်လို့သိရပါတယ်။
အသံအဖွဲ့မှ ကောက်ယူထားတဲ့ စစ်တမ်းများအရ ၂၀၂၁ ခုနှစ် မှစ၍ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ မြန်မာနိုင်ငံတဝှမ်း ဖုန်းနှင့်အင်တာနက်လိုင်းပြတ်တောက်မှု -၂၃၉ ကြိမ်၊ အင်တာနက်လိုင်း ပြတ်တောက်မှု – ၁၅၆ ကြိမ်၊ ဆက်သွယ်ရေးလိုင်းအားလုံးပြတ်တောက်မှု (ဖုန်း၊အင်တာနက်နှင့် ကြိုးမဲ့အင်တာနက် ဘရော့ဘန်း) – ၄၆ ကြိမ်၊ ကြိုးမဲ့အင်တာနက် ဘရော့ဘန်းပြတ်တောက်မှု (wireless broadband) – ၁၉ ကြိမ် ပြတ်တောက်ခဲ့တယ်လို့ဆိုပါတယ်။
ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီး၊မန္တလေး၊ မွန်၊ ပဲခူး၊ ရှမ်းပြည်နယ်(အရှေ့) အစရှိတဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးကမြို့တွေပါဝင်ပါတယ်။
ဖော်ပြပါနေရာတွေမှာလည်း လက်ရှိအချိန်ထိ တိုက်ပွဲများဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
Photo – Athan