Homeပြည်တွင်းသတင်းစစ်တပ်အာဏာသိမ်းခဲ့တဲ့ ကာလအတွင်း ၁၈ နှစ်အောက်ကလေးငယ် စုစုပေါင်း (၆၇၁) ဦးသေဆုံးခဲ့

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ကာလအတွင်း ၁၈ နှစ်အောက်ကလေးငယ် စုစုပေါင်း (၆၇၁) ဦးသေဆုံးခဲ့

၂၂ နိုဝင်ဘာ ၊၂၀၂၄

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက် စစ်အုပ် စုကြောင့် အသက် ၁၈ နှစ်အောက်ကလေးငယ် စုစုပေါင်း (၆၇၁) ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

အဆိုပါအရေအတွက်ကို အမည်နဲ့တကွ အတည် ပြုနိုင်ခဲ့ပြီးဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် (၁၀၁) ဦး၊ ၂၀၂၂ ခုနှစ်တွင် (၁၃၆) ဦး၊ ၂၀၂၃ ခုနှစ်တွင် (၂၀၈) ဦးနဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ (၂၂၆) ဦး သေဆုံးခဲ့ တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိုကျေးရွာအတွင်းရှိ (KBC)ခရစ်ယာန်ဘုရားရှိခိုးကျောင်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၉ ဦး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂၀) ဦးနဲ့ အမျိုးသား (၂၉) ဦး စုစုပေါင်း (၄၉) ဦး သေဆုံးခဲ့တာကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ဖြစ် တယ်လို့ သိရပါတယ်။

ထိုအရေအတွက်အတွင်း ရခိုင်ပြည်နယ်က (၁၄) ဦးနဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ (၁၁) ဦးနဲ့ သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်ကြောင်းနဲ့ အဆိုပါ (၄၉) ဦး သေဆုံးရတဲ့ အကြောင်းအရင်းအနေဖြင့် (၃၄) ဦးမှာ စစ်အုပ်စုရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ကြတာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read