Homeပြည်တွင်းသတင်းစစ်တပ်အများအပြားရှိနေတဲ့ မင်္ဂလာဒုံမြို့နယ်က ကြံ့ခိုင်ရေးပါတီရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

စစ်တပ်အများအပြားရှိနေတဲ့ မင်္ဂလာဒုံမြို့နယ်က ကြံ့ခိုင်ရေးပါတီရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

၁၅ အောက်တိုဘာ ၂၀၂၅

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ကြံ့ခိုင်ရေးပါတီးရုံးကို အောက်တိုဘာ ၁၅ ရက် မနက် ၉ နာရီ ကျော်လောက်က ပြင်းအားပြင်းမိုင်း ၁လုံး၊ လက်ပစ်ဗုံး ၂ လုံးတို့နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) အဖွဲ့ က သိရပါတယ်။

ဒီလိုတိုက်ခိုက်ရတာဟာ စစ်တပ်က လုပ်ဆောင်နေတဲ့ တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အရာတွေကို လုပ်ဆောင်နေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့လို ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို မသိရသေးပေမယ့် ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ ဘေးကင်းရာကို ရောက်ရှိသွားပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ပုံစာ – မင်္ဂလာဒုံမြို့နယ်က ကြံ့ခိုင်ရေး ရုံးနဲ့ပါတီဝင်တွေကို တွေ့ရစဉ်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး