၁၂ မတ်၊၂၀၂၅
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် နှစ်လအတွင်း အရပ်သား (၄၅) ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်တွေ အရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၁ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စု ကြောင့် အမျိုးသမီး (၂၄) ဦးနဲ့ အမျိုးသား (၂၁) ဦး စုစုပေါင်း (၄၅) ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည် ပြုနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါသေဆုံးစာရင်းအတွင်း ၂ နှစ်အရွယ်ယောကျာ်းလေးတဦးအပါအဝင် အသက် ၁၈ နှစ်အောက်ကလေး ငယ် (၁၂) ဦး ပါဝင်နေပြီး သေဆုံးသူများအနက် (၄၀) ဦးမှာ စစ်အုပ်စုရဲ့ လေကြောင်းပစ်ခတ် တိုက်ခိုက်မှု ကြောင့် အများဆုံးသေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်မှာ အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက် ဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ အချက်အလက်တွေမှာ ယခုထက် ပိုမိုများပြားနိုင်တယ်လို့လည်း အသိပေး ထားပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၄ နှစ်ကျော်ကာလအတွင်း အကြမ်းဖက်စစ်အုပ်စု နဲ့ ၎င်းတိုရဲ့ လက်ပါးစေတွေ ကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်းမှာ (၆၃၉၉) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။
Photo – AA InfoDesk