Homeပြည်တွင်းသတင်းစစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး ၅၀၀ ဝန်းကျင်သေဆုံးခဲ့

စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး ၅၀၀ ဝန်းကျင်သေဆုံးခဲ့

၂၀ ဇန်နဝါရီ ၊၂၀၂၅

စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း အမျိုသမီး ၅၀၀ ဝန်ကျင်သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ လေးနှစ်တာ ကာလအတွင်း စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် အမျိုးမျိုး သေားလ့အခွင့်ရေးချိုးဖောက်မှုတွေကို ကျုးလွန်လျှက်ရှိပြီး အမျိုးသမီးတွေလည်း နေ့စဉ်နဲ့မျှ အသက်ဆုံးရှုံး နေရပြီး ၂၀၂၄ ခုနှစ် တစ်နှစ်လုံးတွင် အမျိုးသမီး (၄၇၈) ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

BWU က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်တစ်နှစ်တာအတွင်း စစ်ကိုင်းတိုင်းမှာ အမျိုးသမီး (၁၀၉)ဦးသေဆုံးခဲ့ကာ မျိုးသမီးသေဆုံးမှုအများဆုံး တိုင်းဒေသကြီးဖြစ်ပြီး ၊ရှမ်းပြည်နယ်မှ (၉၂) ဦး၊ရခိုင်ပြည်နယ်မှ (၈၃) ဦး နဲ့ မန္တလေးတိုင်းဒေသကြီးမှာ (၆၇) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးရတဲ့အကြောင်းအရင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုသမီး( ၂၅၇ ) ၊လက်နက်ကြီးနဲ့ ပစ်ခက်မှုကြောင့် (၁၄၂)ဦး၊ ကိုးကန့်တပ် MNDAA မှ သေဒဏ်ပေးခဲ့မှုကြောင့် တစ်ဦး၊ မြေမြုပ်မိုင်းကြောင့် (၇)ဦးနဲ့ လိင်ပိုင်းဆိုင်အကြမ်းဖက်မှုတွေကြောင့် (၆) ဦး၊မတရားဖြတ်ခံရမှုကြောင့် (၆၆)ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ၂၀၂၄ ခုနှစ်တစ်နှစ်တာအတွင်း အမျိုးသမီး (၄၁၂)ဦး ဒဏ်ရာရရှိခဲ့ပြီး အကြောင်းအရင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် (၁၉၁)ဦး ၊လက်ကြီးပစ်ခတ်မှုကြောင့် (၁၅၂)ဦး ၊မြေမြုပ်မိုင်း ကြောင်း (၄၂)ဦး၊မတရားသက်ဖြတ်ခံရမှုကြောင့် (၁၀)ဦး၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့် (၁၂)ဦးနဲ့ အကျဥ်း ထောင်တွေအတွင်း နှိပ်စက်ခံရမှုကြောင့် (၅) ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ BWU က လက်လှမ်းမီသလောက် ကောက်ယူရရှိထားတဲ့ အချက်အလက်တွေဖြစ်ပြီး မြေပြင်မှာ သတင်းအချက်အလက်ရယူဖို့ အခက်အခဲနဲ့ လက်လှမ်းမမီတဲ့ အခက်အခဲတွေရှိနေတာကြောင့် အမျိုးသမီးသေဆုံးမှုအရေအတွက် အခုက်ထက်ပိုများနိုင်တယ်လို့လည်း ဆိုထားပါတယ်။

Photo – BWU

ဆက်စပ် သတင်းများ

Most read