Homeပြည်တွင်းသတင်းစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ ၁၅၀ နီးပါးသေဆုံး

စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ ၁၅၀ နီးပါးသေဆုံး

၁၃ ဩဂုတ် ၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ဩဂုတ်လ ၁၂ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်တပ်ရဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၆၈ ဦးနဲ့အမျိုးသား ၇၈ ဦး စုစုပေါင်း ၁၄၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၉ ဦး ပါဝင်ပြီး အဆိုပါ သေဆုံးသူတွေ အနက် တနင်္သာရီတိုင်းမှာ ၂၇ ဦးနဲ့ သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး ကချင်ပြည်နယ်မှာ ၁၀ ဦး သေဆုံးခဲ့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ကောက်ယူထားတဲ့ စာရင်းတွေ အရသိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစလို့မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဩဂုတ် ၁၂ ရက်၊ ၂၀၂၅ ခုနှစ်အထိ စစ်အုပ်စုနဲ့ စစ်အုပ်စုလက်ပါးစေတွေကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၇၀၆၀ ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉၅၃၁ ဦးရှိပြီး အဲ့ဒီအထဲက ၂၂၂၉၁ ဦးဟာ ဖမ်းဆီးခံနေရဆဲဖြစ်ကာ ဖမ်းဆီးခံနေရသူတွေ အနက် ၁၀၉၇၀ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားတယ်လို့ သိရပါတယ်။

ပုံစာ – ဩဂုတ်လ ၄ ရက်နေ့က စစ်တပ်လက်နက်ကြီးကြောင့် သေဆုံးသွားသော ကချင်ပြည်နယ်မျောက်ဖြူရွာမှ အသက် သုံးနှစ်အရွယ်ကလေးငယ်။

ဓာတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး