ဩစတြေးလျနည်းပညာကုမ္ပဏီ Kick ဟာ မြန်မာစစ်အုပ်စုရဲ့ ဝါဒဖြန့် တိုက်ရိုက်ထုတ်လွှင့်မှုရုပ်သံတွေကို စတင်ခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ ဖယ်ရှားပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
Justice For Myanmar က အဲ့ဒီကုမ္ပဏီဆီကို စာရေးသားပေးပို့ပြီး နောက်မှာပဲ အခုလို ပိတ်သိမ်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ သူတို့ရဲ့အကောင့်တွေကို Amazon ပိုင် ရုပ်သံလွှင့်ပလက်ဖောင်း Twitch က ဖယ်ရှားခံရပြီးနောက် Kick သို့ ပြောင်းရွေ့အသုံးပြုခဲ့တာဖြစ်ပြီး အခုလည်း Kick က ဖယ်ရှားခံလိုက်ရပါတယ်။
Kick က ဖယ်ရှားလိုက်သည့် ချန်နယ်တွေကတော့ MRTV HD၊ MITV၊ MRTV News၊ MRTV Farmers၊ MRTV Sports၊ MRTV NRC၊ MRTV Entertainment၊ MITV နဲ့ MRTV ဖြစ်ကြတယ်လို့ သိရပါတယ်။
Kick ဟာ မဲဘုန်းမြို့အခြေစိုက်ကုမ္ပဏီတခုဖြစ်ပြီး၊ ဩစတြေးလျဘီလီယံနာသူဌေးကြီး Ed Craven နဲ့ သူ့ရဲ့ စီးပွားဖက် BiJan Tehrani တို့က ပိုင်ဆိုင်ကာ Twitch ကဲ့သို့ ဂိမ်းကစားတာတွေကို တိုက်ရိုက်ထုတ်လွှင့်ရာမှာ အဓိကအသုံးပြုတယ်လို့ ဆိုပါတယ်။


