Homeပြည်တွင်းသတင်းစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံတဝန်းအမျိုးသမီး ၈၆ ဦးသေဆုံးခဲ့

စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံတဝန်းအမျိုးသမီး ၈၆ ဦးသေဆုံးခဲ့

၇ ဖေဖေါ်ဝါရီ ၊၂၀၂၅

စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ တစ်လအတွင်း နိုင်ငံတဝန်း အမျိုးသမီး (၈၆) ဦးသေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဒီနေ့မှာထုတ်ပြန်ထားပါတယ်။

BWU အနေနဲ့ သတင်းမီဒီယာအချက်အလက်တွေနဲ့ မြေပြင်ကရရှိတဲ့ အချက်အလက်တွေကို စိစစ်ကြည့်ရာမှာ သေဆုံးသူအများစုမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး (၇၃) ဦးသေဆုံးခဲ့ရကာ လက်နက်ကြီး ပစ်ခက်မှုကြောင့် (၁၂)ဦး၊မြေမြုပ်မိုင်းကြောင် တစ်ဦး သေဆုံးခဲ့ရပြီး ဇန်နဝါရီလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို ပိုမို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး အဆိုပါတစ်လအတွင်း ဒဏ်ရရရှိခဲ့သည့် အမျိုးသမီးအရေအတွက် (၇၇) ဦးရှိခဲ့ပြီး ၊လေကြောင်း တိုက်ခိုက်မှုကြောင့် (၄၂)ဦး၊မြေမြုပ်မိုင်းကြောင့် (၃)ဦး၊ လက်နက်ကြီး ပစ်ခက်မှုကြောင့် (၃၁)ဦးနဲ့ အကြောင်းမဲ့ ရိုက်နှက်မှုတို့ကြောင့် တစ်ဦးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အမျိုးသမီးသေဆုံးမှုအများဆုံးမှာ ရခိုင်ပြည်နယ်မှ (၃၉)ဦး၊ရှမ်းပြည်နယ်မှ (၁၁)ဦး၊စစ်ကိုင်း တိုင်းဒေသ ကြီးမှ (၁၀)ဦးတို့ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်ခဲ့ တယ်လို့လည်း ဆိုပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အမျိုးသမီးမှတ်တမ်းနှင့်သုတေသနလုပ်ငန်းစဉ်အနေ နဲ့ ယခုထုတ်ပြန်တဲ့ အချက် အလက်တွေမှာ တိကျခိုင်လုံတဲ့သတင်းမီဒီယာအချက်အလက်တွေနဲ့ မြေပြင်က ရရှိတဲ့ အချက်အလက်တွေကို စုဆောင်းမှတ်တမ်းတင်ထားခြင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Photo – AA InfoDesk

ဆက်စပ် သတင်းများ

Most read