Homeပြည်တွင်းသတင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်မဲနဲ့နောင်ချိုမြို့တွေမှာ တစ်လအတွင်း အရပ်သား (၁၃) ဦးသေဆုံး

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်မဲနဲ့နောင်ချိုမြို့တွေမှာ တစ်လအတွင်း အရပ်သား (၁၃) ဦးသေဆုံး

၄ ဖေဖော်ဝါရီလ ၊ ၂၀၂၅

PSLF/TNLA အုပ်ချုပ်တဲ့ မြို့တွေဖြစ်တဲ့ ကျောက်မဲနဲ့နောင်ချိုမြို့တွေကို စစ်တပ်ကလေကြောင်းနဲ့ တိုက်ခိုက် ခဲ့တာကြောင့် ဇန်နဝါရီလအတွင်း အရပ်သား (၁၃) ဦးသေဆုံးခဲ့ပြီး (၂၆) ဦးဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးကုတ်မြိုအရှေ့ပိုင်းကို လေကြောင်းအသုံးပြုပြီး ဗုံး (၂၀)လုံးခန့် လာရောက်ကြဲကျတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၅)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်း နဲ့ မော်တော်ယာဥ် (၁)စီး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲံ ဇန်နဝါရီလ ၂၁ ရက် နဲ့ ၂၂ရက်တွေမှာလည်း နောင်ချိုမြိုနယ်ကို ဂျက်ဖိုက်တာနဲ့ ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား(၅)ဦး၊ အမျိုးသမီး (၄)ဦး သေဆုံးပြီး အမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အပြင် နေအိမ် (၉)လုံး နဲ့ ဘုန်ကြီးကျောင်း (၁)ကျောင်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အလားတူ ကျောက်မဲမြိုနယ်လည်း စစ်‌‌ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦးသေဆုံးပြီး အမျိုးသား (၅)ဦး၊ အမျိုးသမီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၂)လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ TNLA ထိန်းချုပ်နယ်မြေအတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုတွေကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကို အသုံးပြုပြီးလာရောက်ဗုံးကြဲတိုက်ခိုက်လျက်ရှိနေတယ်လို့လည်း TNLA က ထုတ်ပြန်အသိကေးထားပါတယ်။

Photo-PSLF/TNLA

ဆက်စပ် သတင်းများ

Most read