Homeပြည်တွင်းသတင်းစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ၁၈ ရက်နေ့တစ်ရက်အတွင်း အရပ်သား ၁၇ ဦးသေဆုံးခဲ့

စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ၁၈ ရက်နေ့တစ်ရက်အတွင်း အရပ်သား ၁၇ ဦးသေဆုံးခဲ့

၂၀ ဖေဖော်ဝါရီ၊၂၀၂၅

စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ တစ်ရက်အတွင်း ကချင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး အစရှိတဲ့ တိုင်းနဲ့ ပြည်နယ် ၁၂ခု မှာ အရပ်သား ၁၇ ဦး သေဆုံးခဲ့ပြီး ၂၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

အဆိုပါတစ်ရက်အတွင်း ပြည်နယ်တဲံတိုင်း ၁၂ ခုမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခံရမှုဖြစ်စဉ် အနည်းဆုံး ၃၂ ကြိမ် အထိရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ရှစ်ဦး၊ စက်တပ်လေထီးနဲ့ တိုက်ခိုက်လို့ သေဆုံးသူ ငါးဦး၊ လက်နက်ကြီးကြောင့် သေဆုံးသူ သုံးဦးနဲ့ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ တစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး စစ်ရေးပြင်းထန်တာနဲ့ အရပ်သားသေဆုံးမှုတွေက စစ်ကိုင်း၊ မန္တလေးနဲ့ ကချင်ပြည်နယ်တွေမှာ အများဆုံးဖြစ်ခဲ့တယ်လို့ လည်း ဆိုပါတယ်။

အခုလို သေဆုံးထိခိုက်မှုတွေဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့နဲ့ နှိုင်းယှဉ်တရင် ပိုမြင့်တက်လာတာကို တွေ့ရကြောင်းနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ အရပ်သားသေဆုံးသူ ခြောက်ဦးနဲ့ ဒဏ်ရာရသူ ၁၁ ဦး ရှိခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ က ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Photo – Nyan Lynn Thit

ဆက်စပ် သတင်းများ

Most read