Homeပြည်တွင်းသတင်းစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ သုံးပတ်အတွင်း အမျိုးသမီး ၄၀ ကျော် သေဆုံးခဲ့ရ

စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ သုံးပတ်အတွင်း အမျိုးသမီး ၄၀ ကျော် သေဆုံးခဲ့ရ

၂၅ ဇန်နဝါရီ ၊၂၀၂၅

စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီ သုံပတ်အတွင်း တစ်နိုင်လုံးတစ်နိုင်တာနဲ့ အမျိုးသမီး ၄၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

AAPP က ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေ အရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၄ ရက်နေ့ အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄၂) ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဇန်ဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါအရောအတွက်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် (၅) ဦး နဲ့ အသက် ၆၀ နှစ်အထက် သေဆုံးသူ (၄) ဦး ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။

သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၃၆) ဦးမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ ကြပြီး (၆) ဦးမှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့၊ နံနက် ၁ နာရီ ၄၅ မိနစ်အချိန်က မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သာစည် ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းရှိ သက်ကြီးပိုင်းအမျိုးသမီး ဒေါ်ဇင်အား ဗုံးစထိမှန် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းခဲ့ချိန်မှစတင်ပြီး နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ (၆၂၀၇) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPP မှရဲ့ စာရင်းတွေအရ သိရပါတယ်။

Photo – KNU

ဆက်စပ် သတင်းများ

Most read