၂၂ ဇန်နဝါရီ ၊၂၀၂၅
စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ငါးနှစ်အတွင်း ပညာရေးကဏ္ဍမှ ကျောင်းဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ ၂၅၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုန်ပြန်မှုအရ သိရပါတယ်။
AAPP ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် ပညာရေးကဏ္ဍမှ ကျောင်းဆရာ၊ ဆရာမ နဲ့ ကျောင်းသား၊ ကျောင်းသူ သေဆုံးမှု အရေအတွက်မှာ အမျိုးသမီး (၇၂) ဦးန နဲ့ အမျိုးသား (၁၈၀) ဦး စုစုပေါင်း (၂၅၂) ဦး ရှိခဲ့တာကို အမည် နဲ့ တကွ အတည်ပြုနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါသေဆုံးခဲ့တဲ့အရေအတွက်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် (၈၈) ဦး ပါဝင်နေပြီး သေဆုံး မှုအများဆုံးမှာ စစ်ကိုင်းတိုင်းမှ (၅၄) နဲ့ အများဆုံးဖြစ်ပြီး သေဆုံးရတဲ့အကြောင်းအရင်းမှာ စစ်အုပ်စုရဲ့ သေနတ် နဲ့ ပစ်ခတ်မှုကြောင့် (၁၁၀) ဦးသေဆုံးခဲရပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် (၆၈) ဦးသေဆုံးခဲ့ ရတယ်လို့ ဆိုပါတယ်။
ထို့ပြင် အဆိုပါ ကာလအတွင်း နိုင်ငံတဝန်း စစ်အုပ်စုက ပညာရေးကဏ္ဍမှ ကျောင်းဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ အမျိုးသမီး (၄၂၇) ဦး နဲ့ အမျိုးသား (၆၃၄) ဦး စုစုပေါင်း (၁၀၆၁) ဦးကို နိုင်ငံရေးအရ ဖမ်းဆီးထိန်း သိမ်းထားတယ်လို့လည်း သိရပါတယ်။
အဆိုပါဖမ်းဆီးထိန်းသိမ်းထားခံထားရတဲ့အရေအတွက်အတွင်း အသက် ၁၈ နှစ်အောက်ကလေးငယ် (၁၂) ဦး ပါဝင်နေပြီး ဖမ်းဆီးခံရမှုအများမှာ ရန်ကုန်တိုင်းမှ (၃၈၆) ဦး နဲ့ အများဆုံး ဖမ်းဆီးခံထားရတယ်လို့ AAPP ရဲ့ ကောက်ယူထားတဲ့အချက်အလက်တွေအရ သိရပါတယ်။
Photo – KNDF