၂၃ ဇူလိုင် ၂၀၂၅
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အမှတ် (၂၆)ရပ်ကွက်၊အမှတ်(၄)လမ်းမကြီးပေါ်ရှိစစ်တပ်ရဲ့မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်းပိုင် အရက်ချက်စက်ရုံဟာ ဒီကနေ့ ဇူလိုင်၂၃ ရက် မနက် ၉ နာရီ ၂၇ အချိန်မှာမီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ရွှေပြည်သာမြို့နယ်နေထိုင်သူတစ်ဉီးက ပြောပါတယ်။
“စက်ရုံက စစ်တပ်ကပိုင်တဲ့အရက်ချက်စက်ရုံပါ။အာမီရမ်နဲ့ကျန်တဲ့အရက်လည်းချက်တယ်။ အခုကြားတာကတော့ ဘွိုင် လာက ထပေါက်တာလို့ပြောနေတယ်။ မီးသတ်ကတော့ အလုပ်ရှုပ်နေတုန်း။လူနာတင်ယာဉ်တွေနဲ့ လူတွေခေါ်ထုတ်သွားတာလည်းရှိတယ်”လို့ ဆိုပါတယ်။
အဲဒီမီးလောင်ပြင်ကို Level 1 သတ်မှတ်ပြီးမြောက်ပိုင်းခရိုင်မီးသတ်စခန်းအပြင် ရွှေပြည်သာ၊အင်းစိန်နဲ့ ဒညင်းကုန်းနယ် မြေက မီးသတ်ယာဉ် (၁၂) စီးနဲ့ ထွက်ခွာငြိမ်းသတ်ရာမှာ မိနစ် (၃၀)ကြာငြိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။
New Day Myanmar က မီးသတ်ဦးစီး ဌာနကို မေးမြန်းရာမှာ “စိစစ်နေတုန်းပါ။ ကျန်တာပြောလို့မရသေးပါဘူး”လို့ ဆိုပါတယ်။


