Homeပြည်တွင်းသတင်းစစ်တပ်ထောက်ခံသူငါးမင်းဆွေ ကို စစ်ကောင်စီ ဖမ်းဆီး

စစ်တပ်ထောက်ခံသူငါးမင်းဆွေ ကို စစ်ကောင်စီ ဖမ်းဆီး

၁၀ နိုဝင်ဘာ၊ ၂၀၂၄

စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်တဲ့ ငါးမင်းဆွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စစ်ခေါင်းဆောင်ကို သရော်တဲ့ပို့စ်တွေ တင်ခဲ့တာကြောင့် နိုဝင်ဘာ လ၉ရက်နေ့က ဖမ်းဆီးခံခဲ့ရတယ်လို့ သ တင်းရင်းမြစ်တွေဆီက သိရပါတယ်။

ငါးမင်းဆွေ(ခ)ဦးမင်းဆွေဆိုသူဟာ အဖမ်းမခံရမီ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “ချစ်လှစွာသော မြန်မာများအေးချမ်းကြပါစေ၊ ကျွန်တော် ငါးမင်းဆွေပါ၊ PDF များနှင့်တွေ့ဆုံညှိနှိုင်းပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းစေရမည်၊ ပုံ/ဗိုလ်ချုပ်မှူးကြီး ငါးမင်းဆွေ” လို့ ရေးသားခဲ့တဲ့အပြင် “စစ်ဗိုလ်ချုပ်မှူးကြီးတဲ့ သူ့လက်ထက်အောင်ပွဲရတဲ့စစ်ပွဲတစ်ပွဲမှ မရှိဘူး” “အစ် ကိုလှိုင်က နိုင်ငံအတွက် ဝင်ငွေ ဘက်ဂျက်တိုးအောင် စီးပွားရေးတော့လုပ်တတ်ပါတယ်။ တစ်သောင်းတန်တွေရိုက်ထုတ်ပြီးတော့” “ကိုရည်မွန်က တဖြည်းဖြည်းနဲ့ နေပြည်တော်ကို ရောက်လာတော့မယ် အစ်ကိုလှိုင်”၊ “အစ်ကိုလှိုင်က တရုတ်က ပြန် လာရင်တော့ တစ်ကယ်ကြမ်းတော့မှာလို့ ယူဆမိပါတယ် ” စတဲ့ပို့စ်များကို ရေးသားဖော်ပြထားတာတွေ့ရပါတယ်။

အဖမ်းခံခဲ့ရတဲ့ ငါးမင်းဆွေ(ခ)ဦးမင်းဆွေဟာ လှိုင်မြို့နယ်၊လှိုင်မြင့်မိုရ်အိမ်ယာမှာ နေထိုင်တာကြောင့်လှိုင်မြို့နယ်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၅၀၅ -ကနဲ့ အမှုဖွင့်ပြီး သူရောက်ရှိနေတဲ့ ကျိုက်ထိုမြို့နယ်၊အမှတ်(၂၇) ဗိုလ်ချုပ်လမ်း၊ဖက္ကလိပ်ကျေးရွာမှာကျိုက်ထိုရဲစခန်းက လာရောက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read