စစ်အာဏာသိမ်းပြီး နောက် မကြာခဏ ဆန္ဒပြခဲ့ပြီး စစ်တပ်က လိုက်လံဖမ်းဆီးနေတဲ့ ကိုနန်းလင်းဟာ ရန်ကုန်မြို့မှာ နေရာအချို့ကို သွားရောက်ခဲ့ကြောင်း ဓါတ်ပုံနဲ့ တကွ သတင်းထုတ်ပြန်လာပါတယ်။
ဘယ်ရက်မှာ အခုလို သွားလာခဲ့တယ်ဆိုတာတော့ ဖော်ပြထားခြင်းမရှိပါဘူး။
“အမေ့မြို့လေးထဲက ဆံပင်ရှည် ဂျင်းဘောင်းဘီနဲ့
ထောင့်မကျိုးတဲ့ လူငယ်လေးတစ်ယောက်ထွက်လာတယ်။” ဆိုပြီး သုခမိန်လှိုင်ရဲ့ ကဗျာ တပုဒ်နဲ့ ဒီနေ့ မတ်လ ၂၃ မှာ ရန်ကုန်က ရွှေတိဂုံဘုရာကို နောက်ခံထားပြီး တင်ထားတဲ့ ဓါတ်ပုံကို ကိုနန်းလင်းရဲ့ ဖေ့ဘွတ်အကောင့်ကနေ တင်ခဲ့ပါတယ်။
ကိုနန်းလင်းဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းက စလို့ မကြာခဏ ရုတ်တရက် ဆန္ဒပြမှုတွေကို ဦးဆောင်ခဲ့ပေမယ့် အခုချိန်ထိ စစ်ကောင်စီ က ရှာဖွေ မရနိုင်သေးပါဘူး။