Homeပြည်တွင်းသတင်းစစ်တပ်က သုံးနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂၆၀၀ ကျော်ပြုလုပ်ခဲ့ပြီး စာသင်ကျောင်း ၂၄၀ ကျော် ပျက်စီးခဲ့ရ

စစ်တပ်က သုံးနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂၆၀၀ ကျော်ပြုလုပ်ခဲ့ပြီး စာသင်ကျောင်း ၂၄၀ ကျော် ပျက်စီးခဲ့ရ

၁၄ မေ ၊ ၂၀၂၅

စစ်တပ်အနေနဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ မေလ (၁၂) ရက်နေ့ အထိ လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း (၂၆၇၉) ကြိမ် ရှိခဲ့ပြီး ကျောင်းပေါင်း (၂၄၀) ကျောင်း ပျက်စီးဆုံးရှုးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်တပ်အနေနဲ့ နိုင်ငံတဝန်း ယာယီအပစ်အခတ် ရပ်စဲရေးကို ၂၀၂၅ ခုနှစ်၊ မေလ (၃၁) ရက်နေ့အထိ သက်တမ်း တိုးထားကြောင်း ကြေညာခဲ့သော်လည်း အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုမိုတိုး မြင့် လာခဲ့ပြီး တိုက်ခိုက်မှုတွေအတွင်း ဘာသာရေးအဆောက်အဦးတွေ ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ပစ် မှတ်ထား တိုက်ခိုက်မှုတွေ ပိုမိုမြင့်တက်လာခဲ့တယ်လို့လည်း ဆိုထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုမှာ စစ်ရာဇဝတ်မှု မြောက်တဲ့ ကျူးလွန်မှုဖြစ်ပြီး စစ်တပ်အနေနဲ့ ယခု ကဲ့သို လူမဆန်တဲ့ ကျူးလွန်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် နဲ့ စနစ်တကျ ကျူးလွန်နေခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီကျူးလွန်မှုတွေအတွက် အကြမ်းဖက်စစ်အုပ်စုကို ရာဇဝတ်ကြောင်းအရ အရေးယူနိုင်ဖို့ နိုင်ငံတကာ တရား ရုံးတွေမှာသာမက နိုင်ငံအလိုက် တရားရုံးတွေမှာပါ တရားမျှတမှု ဖော်ဆောင်နိုင်ရေး လူ့အခွင့် အရေးဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဒီလို လူမဆန်တဲ့ တိုက်ခိုက်မှုတွေအပေါ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေနဲ့ ပြင်းထန်စွာရှုတ် ချကြောင်းနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ယခုလို အရပ်သား၊ ပြည်သူတွေအပေါ် အကြမ်းဖက်စစ်အုပ်စုက ဆက်လက် တိုက်ခိုက်နေမှုတွေကို ရပ်တန့်စေရေး ဖိအားပေးဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ : Social Media

ဆက်စပ် သတင်းများ

Most read